ဝင်းနဲ့ဇော်ရဲ့မိသားစုက အသနားခံစာတင်ခဲ့တာဖြစ်ပါတယ်။

ဝင်းနဲ့ဇော်ရဲ့မိခင်တွေက ဝင်းနဲ့ဇော်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မှတစ်ဆင့် ထိုင်းဘုရင်ထံကို အသနားခံစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဝင်းနဲ့ဇော်အတွက် အသနားခံစာများ (Photo - AP Video)

ရှေ့နေအဖွဲ့နဲ့ မိသားစုရဲ့အားပေးမှုတွေနဲ့အတူ ဝင်းနဲ့ဇော်ရဲ့ မိခင်နှစ်ဦးဟာ ဒီကနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့မှာ) ဘန်ကောက်မြို့စွန်ရှိ Bangkwang အကျဉ်းထောင်ကို သွားရောက်ကာ အသနားခံစာ တင်ခဲ့ပါတယ်။

အဲဒီအသနားခံစာကို နန်းတော်ကို မပို့ခင်မှာ လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုအဆင့်ဆင့်ကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း ဆုံးဖြတ်ချက်ရမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

ထိုင်းဘုရင်က သူတို့ရဲ့အသနားခံမှုကို လက်ခံကာ သားတွေရဲ့ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းအဖြစ်ေ လျှာ့ပေါ့ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်မေသိန်းနဲ့ ဒေါ်ဖြူရွှေနု (ဝင်းနဲ့ဇော်ရဲ့မိခင်များ) က ပြောတယ်လို့ AP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဝင်းနဲ့ဇော်ရဲ့မိခင်များ (Photo - AP Video)

ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ ဝင်းနဲ့ဇော်ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတ်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ေ သဒဏ်အပြစ်ပေးခံထားရပါတယ်။ ဒီပြစ်မှုကို သူတို့နှစ်ဦးမကျူးလွန်ဘူးလို့ ဝင်းနဲ့ဇော်က ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးဟာမတရားစွပ်စွဲပြစ်ဒဏ်ချခံရတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဝေဖန်နေကြပါတယ်။

ဝင်းနဲ့ဇော်လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံသားများကလည်း လိုလားလျက်ရှိပြီး အောက်တိုဘာလ ၂၅ ရက်နေ့၊ ရန်ကုန်မြို့မှာ သူတို့နှစ်ဦးအတွက် ဆုတောင်းပွဲြ ပုလုပ်သွားဖို့ရှိပါတယ်။



က္က