လိုအပ်တဲ့ အချက်အလက်တွေကို ထိုင်းဖက်မှာ လိုက်ပါ ဆောင်ရွက်ပေးဖို့ထိုင်းနဲ့မြန်မာ အစိုးရအဖွဲ့တွေက သဘောတူညီခဲ့တာပါ။

ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံရောက်ကျွမ်းကျင်မြန်မာလုပ်သားတစ်သန်းကျော်အတွက် ပတ်စ်ပို့သက်တမ်းတိုးဖို့ ကိစ္စတွေကို ထိုင်းနိုင်ငံမှာပဲလုပ်ပေးသွားတော့မယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောလိုက်ပါတယ်။

ဓာတ်ပုံ - မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကတဆင့် မြန်မာလုပ်သားတွေ ပြန်ဝင်လာစဥ််။



“ ထိုင်းနိုင်ငံမှာ လုပ်ငန်း ကျွမ်းကျင်တဲ့ မြန်မာလုပ်သား တစ်သန်းနဲ့ တစ်သိန်းကျော်ကျန်နေတယ်။ ပတ်စ်ပို့နဲ့ CI နဲ့ အလုပ်သွားလုပ်ကြတာ။ သူတို့က လေးနှစ်ပြည့်ရင် သက်တမ်းတိုးဖို့ ဒီကိုပြန်လာရမယ်။ ဒါပေမယ့် ထိုင်းအစိုးရက ပြန်မလွှတ်တော့ဘူး။ သက်တမ်းတိုးမယ့်ကိစ္စတွေကို ထိုင်းမှာပဲ လုပ်ပေးဖို့ ထိုင်းနိုင်ငံ အလုပ်သမား ဝန် ကြီး ဌာနဘက်က ညှိနှိုင်းတဲ့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနဘက်ကလည်း သဘောတူထားပါတယ်။ ဒါကြောင့် ဒီတစ်သန်းကျော်က ပြန်လာစရာမလိုတော့ပါဘူး။ ဟိုမှာပဲ အလုပ်ဆက်လုပ်ရမှာပါ။ ”လို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောသွားတာပါ။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကနေ ပြန်လာခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇ သောင်းကျော်ရှိနေပြီး သူတို့ရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ကာ အလုပ်အကိုင် ပြပွဲတွေမှာ အလုပ်ပြန်လည်ရရှိရေးကို ဝန်ကြီးဌာနဘက်က ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။

 ဒါ့အပြင် ပြည်ပမှာ ပြန်လည် သွားရောက်လုပ်ကိုင်လိုသူတွေကိုလည်း လေကြောင်းလိုင်း အခြေအနေပေါ်မူတည်ကာ အလုပ်ပြန်လည် သွားရောက်လုပ်ကိုင်နိုင်ရေး ကြိုးစားပေးနေတယ်လို့ ဒုတိယဝန်ကြီးကဆက်လက်ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံလိုမျိုး မြန်မာလုပ်သားများစွာရှိတဲ့ အခြား နိုင်ငံတွေမှာလည်း မြန်မာလုပ်သားတွေ ကို ပြန်မလွှတ်ဘဲ ဗီဇာသက်တမ်းတိုးပေးဖို့ကိစ္စတွေ လုပ်ပေးဖို့ တင်ပြလာရင်လည်း မြန်မာအစိုးရအနေနဲ့ တစ်ဖက်နိုင်ငံမှာပဲ ဗီဇာသက်တမ်းတိုးပေးတာတွေ လုပ်ဆောင်ပေးဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က