loading...

loading...

loading...

COVID-19 ရောဂါအခြေအနေကြောင့် ဖြစ်ပါတယ်။
Mi Thawdar Aung

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ ဧပြီလ ၃၀ ရက် အထိ မြန်မာနိုင်ငံကို ခေတ္တ ပြန်တာတွေ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးသွားလာမှုတွေ တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက တိုက်တွန်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Photo- Ye Min FB

အလုပ်သမားတွေ ခရီးသွားလာခြင်းကို အားမပေးလိုတာကြောင့် သင်္ကြန်ကာလနေရပ်ပြန်အလုပ်သမားတွေကို ထိုင်း Re-Entry ဗီဇာကြေးကို ကင်းလွတ်ခွင့်မပြုတော့ဘဲ ဘတ် ၁၀၀၀ ကောက်ခံသွားမှာဖြစ်သလို ထိုင်းနိုင်ငံကို ပြန်ဝင်လာတဲ့အခါမှာလည်း (၁၄) ရက်ကြာ သီးခြားခွဲထားကာ ရောဂါလက္ခဏာ စောင့်ကြပ်စစ်ဆေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း စက်ရုံ၊အလုပ်ရုံတွေမှာလည်း COVID-19 ကာကွယ်ရေးစီမံချက်တွေ ဆောင်ရွက်နေရာ ကျန်းမာရေးအဖွဲ့တွေနဲ့ ရောဂါ စိစစ်စောင့်ကြည့်သွားမှာဖြစ်ပြီး အလုပ်သမားတွေကို ရောဂါဖြစ်ပွားမှုရှိတဲ့ နိုင်ငံတွေ (ဒါမှမဟုတ်) မိမိနေရပ်ကို ပြန်သွားပြီး ပြန်လည်ရောက်ရှိလာတဲ့အခါ အလုပ်ရှင်တွေကို အကြောင်းကြားရမယ်ဆိုတဲ့ ညွန်ကြားချက်တွေကိုလည်း ထိုင်းနိုင်ငံ စက်မှု ဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအစိုးရက COVID-19 ကို ထိုင်းနိုင်ငံရဲ့ ၁၄ ခုမြောက် အန္တရာယ်ရှိတဲ့ကူးစက်မြန် ရောဂါအဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာထားပြီး ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်အောင် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ထွက်ပေါက်တွေဖြစ်တဲ့ လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်တွေကတစ်ဆင့် ဝင်ရောက်လာတဲ့ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားတွေအနေနဲ့လည်း COVID-19 နဲ့ ပတ်သက်ပြီး သတင်းပေးလိုတာဖြစ်ဖြစ်၊ အရေးပေါ်အခြေအနေနဲ့ ကြုံတွေပါက ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ အရေးပေါ် ဖုန်းနံပတ် ၁၄၂၂ ကိုဆက်သွယ်ခေါ်ဆိုနိုင်တယ်လို့လည်း ကြေညာထားပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့လည်း အရေးပေါ်အကူအညီတောင်းခံဖို့ လိုအပ်ရင် ဒေါ်ခင်မာလာဝင်း ပထမအတွင်းဝန်၊ +၆၆ ၀၆၂ ၇၁၆ ၆၀၆၂ ၊ ဒေါ်သွယ်သွယ်အောင်၊ ပထမအတွင်းဝန်၊+ ၆၆ ၀၉၅ ၀၆၅ ၃၀၅၉ တို့ကိုဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။


loading...

က္က