အထူးသဖြင့် ယမကာဆိုင်တွေမှာ ဆိုင်ထိုင်စားသုံးသူတွေဟာ သတ်မှတ် စည်းကမ်းတွေကို လိုက်နာမှု အားနည်းနေတာလို့ သိရပါတယ်။
Kyaw Ko Ko Sint

စားသောက်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ကို မေလ ၁၅ရက် နောက်ပိုင်းက စတင်ကာ ပြန်လည်ခွင့်ပြုထားတာ ပါ။ 

စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသုံးတဲ့ စားသုံးသူတွေအနေနဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ညွှန်ကြားထားတဲ့ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း‌ဒေသကြီး တာမွေမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေ အထူးသဖြင့် ယမကာဆိုင်တွေမှာ ဆိုင်ထိုင်စားသုံးသူတွေဟာ သတ်မှတ် စည်းကမ်းတွေကို လိုက်နာမှု အားနည်းနေတာ ကြားသိလာရတဲ့အတွက် ဒီအပေါ်မှာ ဘယ်လို အရေးယူဆောင်ရွက် နိုင်မလဲဆိုတာ ဆွေးနွေးနေပြီး ရှောင်တခင်စစ်ဆေး အရေးယူဖို့ လုပ်ဆောင်နေပြီလို့ တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက Duwun ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီလို စည်းကမ်းမလိုက်နာတဲ့သတင်းကြားသိရတဲ့အတွက် ဒါကို သေချာ စုံစမ်းစစ်ဆေးသွားမှာပါ။ အစကတည်းက ကျွန်တော်တို့ဘက်က ဒီလို စည်းကမ်းမလိုက်နာတာတွေရှိလာရင် ဆိုင်တွေကို ဖွင့်လှစ်ခွင့်နဲ့ပတ်သက်ပြီး နစ်နာနိုင်တယ်လို့ ပြောထားပါတယ်။ ဆိုင်တွေမှာ လူတွေ အရမ်းများနေပြီး Social Distancing ကို ချိုးဖောက်နေပြီဆိုရင် ဆိုင်တွေက သေချာ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ လက်ခံရင်တော့ ဆိုင်မှာလည်း တာဝန်ရှိပါတယ်။ ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ရှောင်တခင်စစ်ဆေးဖို့လည်း လုပ်ဆောင်နေပါတယ်”လို့ ဦးလှသိန်းက ပြောပါတယ်။

ကိုဗစ်ကာလမှာ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြန်လည်ခွင့်ပြုထားပေမယ့် စားပွဲဝိုင်းတွေမှာ အကာအရံတွေနဲ့ထားရှိ ဖွင့်လှစ်ဖို့ ညွှန်ကြားထားတာပါ။ ဒီနောက်ပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံက စားပွဲဝိုင်းတစ်ဝိုင်းမှာ အကာအရံထားတာထက် စားပွဲဝိုင်းတစ်ခုနှင့် တစ်ခုကြားမှာ ထားရှိခြင်းကသာ ပိုမိုမှန်ကန်လိမ့်မယ်လို့ သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


က္က