မဆက်သွယ်ရင် ဥပေဒအရ တင်းတင်းကြပ်ကြပ်အရေးယူမယ်လို့လည်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၁၀ ရက်နောက်ပိုင်း ရခိုင်ကနေ လေကြောင်းခရီးနဲ့ ရန်ကုန်ကို ရောက်လာသူ ၅၄၀၀ ကျော်ထဲမှာ ဖုန်းချသွားတာ၊ ဖြေကြားဖို့ ငြင်းဆန်တာ၊ ဖုန်းနံပါတ်မှားနေတယ်ပြောပြီးထပ်မံဆက်သွယ်မရတာက ထက်ဝက်ကျော်ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောပါတယ်။

ရခိုင်က ပြန်လာသူ (၂၅၄၇) ဦးဟာဖုန်းပြန်လည်ဖြေကြားမှုမရှိခဲ့သလို လက်ခံဖြေကြားခဲ့သူ အချို့မှာလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတွေကို ဆက်လက်သတင်းပို့တာနဲ့ အသွားအလာကန့်သတ်တဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။



ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်လူနာမှတ်တမ်းများကို ကျန်းမာရေးဝန်ထမ်းများ စိစစ်ဆောင်ရွက်နေစဉ်။

ရန်ကုန်တိုင်းအတွင်းမှာ သြဂုတ်လ (၁၀) ရက်ကနေ (၂၁) ရက်အထိ ရခိုင်က ပြန်လာသူ (၅၄၀၉) ဦးရှိပြီး သြဂုတ်လ ၁၀ ရက်ကနေ ၁၅ ရက်နေ့အတွင်း ရောက်လာသူ (၃၁၅၂) ဦးကို ဆေးသုတသနဦးစီးဌာနကဆက်သွယ်ခဲ့ပြီး သြဂုတ်လ (၁၆) ရက်ကနေ (၂၁)ရက်အတွင်း ပြန်ရောက်လာသူ (၂၂၅၇) ဦးကိုတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ကုသရေးဦးစီးဌာနတို့က ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ (၃၀)ရက်နဲ့ (၃၁)ရက်အတွင်း ဆေးသုတေသနဦးစီးဌာနမှ ခရီးသွားလာခဲ့သူတွေထဲက (၃၀၄၃) ဦးရဲ့ ဖုန်းနံပါတ်တွေကို (၆၀၈၈) ကြိမ် ဖုန်းခေါ်ခဲ့ရာ (၁၄၆၆)ဦးက ဖုန်းလက်ခံဖြေကြားခဲ့ပါတယ်။ ဆက်လက်သတင်းပို့သူ (၇၈၂) ဦးရှိပြီး အသွားအလာကန့်သတ်ရာမှာ ပူးပေါင်းဆောင်ရွက်သူ (၆၆၁) ဦးရှိခဲ့တာပါ။ (၁၅၇၇) ဦးကတော့ ဖုန်းကိုင်ပေမယ့် အချက်အလက်ပြန်မပြောခဲ့ဘဲ ဖုန်းချသွားတာ၊ ဖြေဖို့ ငြင်းတာ၊ ဖုန်းနံပါတ်မှားနေတယ်ပြောပြီး ထပ်ဆက်လို့ မရတော့ဘူးလို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်လူနာမှတ်တမ်းများကို ကျန်းမာရေးဝန်ထမ်းများ စိစစ်ဆောင်ရွက်နေစဉ်။

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနကတော့ ခရီးသွားခဲ့သူတွေထဲက (၁၇၁၆) ဦးကို ဆက်သွယ်ခဲ့ရာ (၇၄၆) ဦး ဖုန်းလက်ခံဖြေကြားခဲ့ပါတယ်။ ဆက်လက်သတင်းပို့သူ (၅၂၀) ဦး၊ အသွားအလာကန့်သတ်ရာမှာ ပူးပေါင်းဆောင်ရွက်သူ (၄၈၁) ဦး ရှိခဲ့ပြီး (၉၇၀) ဦးကတော့ ဖုန်းအဆက်အသွယ်မရဘဲ ဖုန်းချသွားတာ၊ ဖြေကြားဖို့ ငြင်းဆန်တာနဲ့ ဖုန်းနံပါတ်မှားနေတယ်ပြောပြီး ထပ်ဆက်လို့ မရတော့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်ပြည်သူလူထုအတွင်း ရောဂါအဆင့်ဆင့်ပြန့်ပွားမှုမရှိစေအောင် ပူးပေါင်းပါဝင်ပေးကြဖို့၊ ခရီးသွားခဲ့သူတွေအနေနဲ့ ကိုယ်နေတဲ့ ဒေသမှာ ရောဂါစတင်ကူးစက်သူအဖြစ် ရောက်ရှိခဲ့ရင် တည်ဆဲ ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း၊ ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်တွေကို လိုက်နာမှုမရှိတာ၊ချိုးဖောက်တာ၊သတင်းထိန်ချန်မှုပြုလုပ်တာတွေ ရှိရင် သဘာဝေးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပေဒအရ အရေးယူမှာ ဖြစ်ကြောင်းသတိပေးထားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ စစ်တွေကနေ လေယာဉ်နဲ့ ပြန်လာသူ ခုနှစ်ထောင်ကျော်ရှိခဲ့ပြီး ပြန်လာသူတွေအနေနဲ့ မဆက်သွယ်ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ စက်တင်ဘာ (၂) ရက်မှာ ပြုလုပ်တဲ့ ကိုဗစ်အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ထိန်းချုပ်ခြင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အုပ်ချုပ်ရေးဦးစီးဌာန၊ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က