မုန်တိုင်းဟာ ဂွနဲ့ ပုသိမ်မြို့ကို ဦးတည်နေပါတယ်။
Mi Thawdar Aung

ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(BULBUL) ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးကြေညာထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ ဘာဘ်ဘယ်" ဟာ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့နဲ့ ပါရာဒစ်ပ်မြို့ ၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ အနောက်တောင်ဘက် ရေမိုင် (၃၅၅)မိုင်နဲ့ ဂွမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၃၇၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။ မုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ ၇ ရက်နေ့ မနက် ၉ နာရီမှာ ကြေညာထားပါတယ်။

"ဘာဘ်ဘယ်" ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာ (၇) ရက်ကနေ နောက်ထပ်(၄၈)နာရီအတွင်း ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ နေရာစိပ်စိပ်မိုးရွာနိုင်သလို နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်းသိရပါတယ်။ နေပြည်တော်၊ မန္တလေးတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျကျဲ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမှာ ဖြစ်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


က္က