လှိုင်သာယာမှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရခိုင်ကနေ ပြန်လာပြီး ကွာရန်တင်းမဝင်တဲ့သူ နှစ်ဦးမှာ တစ်ဦးကဖျားနေတာကြောင့် ကျန်းမာရေးဌာနကနေလာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

အဆိုပါနှစ်ဦးက ‌မြေးအဖွားနှစ်ဦီးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ရခိုင်ကနေ လှိုင်သာယာကို ပြန်လာတဲ့ သူတွေဖြစ်ပါတယ်။ လက်ရှိမှာ မြေးဖြစ်သူက ဖျားနေတာကြောင့် မနေ့က ညနေပိုင်းကပဲ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 



“ ဟုတ်ပါတယ်။ မနေ့ကပဲ ကျန်းမာရေးအဖွဲ့ကနေလာခေါ်သွားပြီ။ ခေါ်သွားတဲ့အချိန်မှာ မြေးဖြစ်သူက ဖျားနေတယ်။ သူတို့ မိသားစုက ဝန်ထမ်းတွေဆိုတော့ ရခိုင်နဲ့ ရန်ကုန်ကို အသွားအပြန်လုပ်နေတဲ့သူတွေပါ။မနေ့က ကျန်းမာရေးဌာနက လာခေါ်သွားပြီဆိုတော့  တာဝန်ရှိသူတွေဘက်ကပဲ လုပ်စရာရှိတာ ဆက်လုပ်ပါလိမ့်မယ်” လို့ လှိုင်သာယာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။

 အဆိုပါ မိသားစုကို ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ လာရောက်ခေါ်ဆောင်သွားပြီးနောက် သတ်မှတ်ချက်တွေအတိုင်း ကွာရန်တင်း ဝင်ရောက်စေမှာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ (သို့မဟုတ်) မနက်ဖြန်လောက်မှာ ဓာတ်ခွဲ စစ်ဆေးမှုအဖြေသိရနိုင်တယ်လို့ လည်း ဦးမြတ်မင်းသူကပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ပျံ့နှံ့နေတဲ့ ကိုဗစ်ပိုးက ကူးစက်မှု မြန်ဆန်လျှက်ရှိနေတာကြောင့် ရခိုင်ကနေ ရန်ကုန်လာတဲ့သူတွေအားလုံးကို ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်နေပြီး (၂၁)ရက် ကွာရန်တင်းဝင်ရောက်စေကာ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်းထိ (၈)ရက်အတွင်း ပြည်တွင်းကူးစက်လူနာ (၈၀)ဦးထိ ရှိနေပြီဖြစ်ပါတယ်။ 

ဒါ့အပြင် ရခိုင်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ရောက်လာတဲ့ အမျိုးသမီးနှစ်ဦးမှာလည်း ရောဂါပိုးတွေ့ရှိထားပြီး သူတို့နှစ်ဦးစလုံးက လေဆိပ်ကနေ ကွာရန်တင်းစင်တာကို ချက်ချင်းပို့ဆောင်လိုက်သူတွေ ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပါတယ်။


Share

Loading Next Article...
က္က