loading...

loading...

loading...

ထိုင်းမှာ တစ်နှစ်ကျော်ကြာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
Ei Ei Htun

ဒီကနေ့ မတ်လ(၂၃)ရက်နေ့က ထိုင်းနိုင်ငံကနေ မုံရွာမြို့ကိုပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ်သားတစ်ဦးမှာ ကိုယ်အပူချိန်မြင့်တက်နေတာကြောင့် စောင့်ကြည့်လူနာအဖြစ် မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မြဝတီကနေ မုံရွာကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို တိုင်းကျန်းမာရေးဦးစီးဌာနကစစ်ဆေးတဲ့အခါမှာ အဆိုပါ ကိုယ်အပူရှိန်မြင့်မားနေတဲ့သူကို တွေ့ရှိရတာဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရပါတယ်။

“ ဟုတ်ပါတယ်။ ဆေးရုံကိုကျွန်မတို့ကိုယ်တိုင်ပဲပို့ပေးခဲ့တာ။ သူနဲ့ ပတ်သက်ပြီး ကိစ္စအားလုံးကိုတော့ ဆေးရုံဘက်ကပဲပြောပါလိမ့်မယ်။ ဆေးရုံကပိုပြီး တိတိကျကျပြောနိုင်ပါတယ်။ ကျွန်မကလည်း အခုအစည်းဝေးခန်းထဲရောက်နေလို့ ဆေးရုံကိုပဲ ဆက်သွယ်ကြည့်ပါ” လို့မုံရွာမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်အမာကြည်က Duwun ကိုပြောပါတယ်။ 

မုံရွာဆေးရုံအုပ်ကြီးရုံးခန်းကို Duwun က မတ်လ(၂၃)ရက်နေ့ နေ့လည် ၄း၃၀ အချိန်မှာ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။ 

လက်ရှိအချိန်မှာ Covid 19 ရောဂါကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံကို ထောင်နဲ့ချီပြန်လည်ဝင်ရောက်လာနေတာလဲဖြစ်ပါတယ်။ 

အခုလို ထောင်နဲ့ချီပြန်လည်ဝင်ရောက်လာတဲ့သူတွေကိုကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်သွားဖို့ မဖြစ်နိုင်တာကြောင့် မိမိတို့နေအိမ်များမှာပဲ (၁၄)ရက် အသွားအလာကန့်သတ်နေထိုင်ဖို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

Photo - Kyaw Swa Minn FB


ဆက်စပ်အကြောင်းအရာများ


loading...

က္က