အထောက်အထားစာရွက်စာတမ်းနဲ့ ဒဏ်ကြေးငွေ မတတ် နိုင်တဲ့ သူအချို့ ထိုင်းဘက်ခြမ်းမှာ အကျဥ်းချခံခဲ့ရတယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

အထောက်အထားစာရွက်စာတမ်းနဲ့ ဒဏ်ကြေးငွေမပေးဆောင်နိုင်လို့ အကျဥ်းကျခံနေရတာဖြစ်ပြီး ကိုဗစ်ကာလ မှာ Social Distancing ဖြစ်နိုင်ဖို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနက် အထောက်အထားစာရွက်စာတမ်းနဲ့ ဒဏ်ကြေးငွေ မတတ် နိုင်တဲ့ သူအချို့ ထိုင်းဘက်ခြမ်းမှာ အကျဥ်းချခံခဲ့ရတယ်လို့ သိရပါတယ်။

အကျဥ်းကျခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ပြန်ဝင်ဗီဇာအတွက် ပေးရမယ့် ငွေ၊ဗီဇာသက်တမ်း ကင်းလွတ်ခွင့်ရှိပေမယ့် မတိုင်ခင် သက်တမ်းကုန်နေတဲ့အတွက် ဒဏ်ကြေးပေးဆောင်ရခြင်း၊ အဆိုပါ ပေးဆေင် ရမယ့် ငွေတွေကိုမပေးဆောင်နိုင်ခြင်းစတဲ့ အချက်တွေကြောင့် ထိုင်းဘက်ခြမ်းမှာ ရက်ပိုင်းလောက် အကျဥ်းကျ ခံခဲ့ရတာလို့လည်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“တချို့က ပြန်ဝင်ခွင့်ဗီဇာအတွက် ငွေပေးရတယ်၊ တချို့က ဗီဇာသက်တမ်းကုန်နေလို့ ပေးရတယ်၊ဒါတွေကို ပေး ဆောင်ဖို့ ပျက်ကွက်တဲ့အခါမှာ အကျဥ်းချခံရတာဖြစ်ပါတယ်။ အကျဥ်းကျခံခဲ့ရတဲ့သူတစ်ယောက် ပြောစကားအရ ဘတ် ၁၀၀၀ မပေးနိုင်လို့ အကျဥ်းကျခဲ့ရတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ တချို့က ၃ ရက် ၄ ရက် ဆိုပေမယ့် တချို့ကလည်း ၁၆ရက်လောက်အထိ ကျခံခဲ့ရတယ်လို့ ပြန်လာသူတချို့ထံက သိရပါတယ်။ ဒီအပေါ် မှာတော့ ကျွန်တော်တို့ဘက်က ထိုင်းဖက်ခြမ်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။” လို့ ဦးတေဇာအောင် က Duwun ကိုပြောပါတယ်။

ကိုဗစ်ကာလမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခုလို ဒဏ်ကြေးမဆောင်နိုင်လို့ အကျဥ်းကျနေတဲ့ အပေါ် မြန် မာတာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး အကျဥ်းချမယ်ဆိုရင်လည်း ကိုဗစ်နဲ့ပတ်သက်ပြီး ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ပေးစေလိုတယ်လို့လည်း ဦးတေဇာအောင်က ဆက်လက်ပြော ပါတယ်။

“ကျွန်တော်တို့ဘက်ကလည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။အကယ်လို့ အကျဥ်းချမယ်ဆိုရင်လည်း ကိုဗစ်ကာလ မှာ Social Distancing ဖြစ်အောင် ကွာရန်တင်းပုံံစံမျိုးနဲ့ ထားပေးစေလိုတယ်လို့ ပြောထားပါတယ်။နောက်ပြီး မဖြစ်မနေ အကျဥ်းချရတော့မယ်ဆိုရင်လည်း IDC ကို လွှဲပြောင်းပေးပြီး IDC ရဲ့ လဝက လုပ်ထုံးလုပ်နည်းတွေနဲ့ ပြန်လည်လွှဲပြောင်းပေးစေလိုတဲ့အကြောင်း ညှိနှိုင်းထားပါတယ်။အခုလို ကိုဗစ်ကာလမှာ မြန်မာရွှေ့ပြောင်းလုပ် သားတွေကို မလိုအပ်ဘဲ အကျဥ်းချနေတာဟာ ကိုဗစ် ရောဂါ ကူးစက်မှုကို ထိန်းချုပ်မှု လျော့ကျစေမှာပဲ စိုးရိမ်ရ ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညှိနှိုင်းလျက်ရှိပါတယ်။”လို့ ဦးတေဇာအောင်က ပြောပါ တယ်။

ထိုင်းနိုင်ငံကနေ မြန်မာဘက်ကို မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် ကိုဗစ်ကာလမှာ ပြန်လာသူ စုစုပေါင်း ၃၂၅၀၀ ကျော် အနက် ကိုဗစ်ရောဂါပိုးတွေ့ရှိထားသူ ၂၆ဦးရှိပါတယ်။ အဆိုပါ ၂၆ဦးအနက် ၂၃ဦးမှာ အကျဥ်းနဲ့အချုပ်ကျခဲ့သူတွေဖြစ်ပြီး ကျန် ၃ဦးကတော့ ပြည်တော်ပြန်တွေဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က