ပိုးတွေ့လူနာတွေကိုဆေးရုံမပို့သေးဘဲ ပိုးမတွေ့တဲ့ လူနာတွေနဲ့ ရက်ကာလအတန်ကြာ ထားရှိနေတာပါ။

ရိုးမရိပ်သာကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်နေသူ (၁၄၀၀၀) ခန့်ကို စေတနာ့ဝန်ထမ်း (၄၁) ဦးနဲ့ တာဝန်ယူပြုစု ကူညီပေးနေရတယ်လို့ ရန်ကုန်တိုင်းလူငယ်ရေးရာ ကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လတ်တလောရိုးမရိပ်သာကွာရန်တင်းစင်တာမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို စီမံပိုင်ခွင့်ရှိသူတွေမှာ သက်ဆိုင်ရာဌာနဆိုင်ရာတွေက ဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေအနေနဲ့ ဒီပြဿနာတွေကို သက်ဆိုင်ရာဌာနတွေကို သတင်းပေးပို့ခြင်းသာ ပြုလုပ်နိုင်ခွင့်ရှိတယ်လို့ ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။ 



လက်ရှိ ရိုးမရိပ်သာမှာ ရေအလုံအလောက်မရခြင်း၊ လျှပ်စစ်မီးပြဿနာတွေ ဖြစ်ပေါ်နေခြင်း၊ ကွာရန်တင်းဝင်နေသူတွေကို ကျွေးမွေးတဲ့ အစားအသောက်တွေ သိုးခြင်း၊ ထမင်းဘူးရောက်ရှိချိန် နောက်ကျခြင်းတွေက သက်ဆိုင်ရာ မြို့နယ် ကိုဗစ်ကော်မတီက တစ်ဆင့် တိုင်းကော်မတီက တိုက်ရိုက်စီမံခန့်ခွဲရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကွာရန်တင်းဝင်နေတဲ့သူအချို့ ထင်မြင်နေတာက ထမင်းဘူးပို့ နောက်ကျတာ၊ ထမင်းဘူးသိုးတာနဲ့ ကုန်ကျစရိတ်တွေ စီမံခန့်ခွဲတာတွေကို စေတနာ့ဝန်ထမ်းတွေက တာဝန်ယူဆောင်ရွက်နေတယ်လို့ ယူဆနေကြတာ ဖြစ်ပြီး ကွာရန်တင်းဝင်နေသူတွေကို စေတနာ့ဝန်ထမ်းတွေက အစားအသောက်တွေ ချက်ပြုတ်ရောင်းချတယ်ဆိုပြီး ပြောဆိုရေးသားချက်တွေကလည်း မြေပြင်အခြေအနေကို အမှန်တကယ်မသိတဲ့ ပြောဆိုရေးသားချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ တချို့ ရေးသားချက်တွေအနေနဲ့ စေတနာ့ဝန်ထမ်းကလေးတွေ စိတ်ထိခိုက်ရပါတယ်။ စေတနာ့ဝန်ထမ်းက ၄၀ လောက်ပဲရှိပါတယ်။ ကပ်ရောဂါဖြစ်တဲ့အတွက် လူများလေလေ ပိုးကူးလေလေ ပေါ့။ ဒါကြောင့် လူနည်းစုပဲ ဒုက္ခရောက်ခံမယ်ဆိုတဲ့ စိတ်နဲ့ လုပ်နေကြတာပါ။ “ လို့ ရိုးမရိပ်သာကွာရန်တင်းစင်တာမှာ စေတနာ့ဝန်ထမ်းအဖွဲ့မှာ ဦးဆောင်သူ မပိုးပိုးက ပြောပါတယ်။

ဒါ့အပြင် ကွာရန်တင်းဝင်တဲ့သူတွေအနက် ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီး ပိုးတွေ့တဲ့လူနာတွေကို ဆေးရုံကို မပို့ဆောင်သေးဘဲ ပိုးမတွေ့တဲ့လူနာတွေနဲ့ ရက်ကာလအတန်ကြာ ထားရှိတာတွေလည်း ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကို တိုက်ရိုက်စီမံခန့်ခွဲရှိတာက ကျန်းမာရေးဦးစီးဌာနဖြစ်တာကြောင့် စေတနာ့ဝန်ထမ်းတွေအနေနဲ့လည်း ကူးစက်လူနာတွေကို ဆေးရုံကိုပို့ဆောင်ဖို့ အတွက် ကျန်းမာရေးဦးစီးဌာနရဲ့ အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်နိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စေတနာ့ဝန်ထမ်း (၄၁) ဦးက ကွာရန်တင်းဝင်နေသူ (၁၄၀၀) ခန့်ကို တာဝန်ယူဆောင်ရွက်ပေးရတဲ့အတွက် အပြောအဆို အပြုအမူ မှားယွင်းခဲ့ရင် စေတနာအမှားသာဖြစ်ပြီး ဒီလို အမှားအတွက် စေတနာ့ဝန်ထမ်းတွေကိုယ်စား ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီက တောင်းပန်ကြောင်း ထုတ်ပြန်ထားတာပါ။

အဆိုပါ ရိုးမရိပ်သာမှာ ပိုးတွေ့လူနာတွေကို ထားတဲ့ နေရာနဲ့ ကွာရန်တင်းဝင်နေသူတွေကို ထားတဲ့နေရာဆိုပြီး အဆောင် နှစ်ဆောင်သတ်မှတ်ထားတာဖြစ်ပြီး အဆိုပါ ရိပ်သာတွင်းနေထိုင်ရသူတွေအနေနဲ့ အဆင်မပြေမှုတွေ ရှိနေကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားနေကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က