ထိတွေ့ထားသူ အားလုံး (၁၅)ဦးရှိပါတယ်။
Ei Ei Htun

ထိုင်းနဲ့ မလေးရှားကနေ ပြစ်ဒဏ်စေ့အကျဉ်းသား လူနာ (၂၃)ဦးနဲ့ ထိတွေ့ထားသူတွေထဲက (၁၃)ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။

ထိတွေ့ထားသူတွေက အဆိုပါအကျဉ်းသားတွေကို မြဝတီနယ်စပ်ဂိတ်ကနေ လွှဲပြောင်းပေးခဲ့စဉ်က ပြန်လည်လက်ခံရာမှာ ပါဝင်ခဲ့တဲ့သူတွေဖြစ်ပြီး နေပြည်တော်က လက်ထောက်ညွှန်မှူးအပါအဝင် အစိုးရဝန်ထမ်းတွေပါဝင်ခဲ့တာပါ။ ထိတွေ့ထားသူ အားလုံး (၁၅)ယောက်ရှိပြီးတော့ နှစ်ဦးက နေပြည်တော်ကဖြစ်တယ်လို့ သိရပါတယ်။ (၁၅)ဦးထဲက မြဝတီမှာကျန်ခဲ့တဲ့ (၁၃)ဦးကို ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

“ထိတွေ့ထားသူ (၁၅)ယောက်မှာ အခုဓာတ်ခွဲအဖြေရတာက မြဝတီက (၁၃)ယောက်ပါ။ (၁၃)ယောက်လုံးမှာရောဂါပိုးမတွေ့ပါဘူး။ နေပြည်တော်က နှစ်ယောက်ရဲ့ ဓာတ်ခွဲစစ်ဆေးမှုကတော့ ကျွန်တော်တို့လည်းမသိရသေးဘူး။ ဒါပေမယ့် သူတို့လည်းနေပြည်တော်မှာ အသွားအလာကန့်သတ်ထားတာပါ။ ဒီက (၁၃)ယောက်မှာလည်း ရောဂါပိုးမတွေ့ဘူးဆိုပေမယ့် သတ်မှတ်ရက်ပြည့်အောင်တော့ အသွားအလာကန့်သတ်သွားမှာပါ”လို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

ဇွန်လ (၈)ရက်နေ့က မြဝတီနယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြစ်ဒဏ်စေ့အကျဉ်းသာ (၃၅)ဦးလွှဲပြောင်းပေးခဲ့ရာ အဲဒီထဲက (၂၃)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ကျန် (၁၂)ဦးကိုလည်း ဒုတိယအကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်သွားအုံးမှာပါ။ မေလ (၁၆)ရက်နေ့နောက်ပိုင်းကစပြီး ပြည်ပကပြန်လာတဲ့သူတွေထဲက ရောဂါပိုးတွေ့ရှိသူ (၁၀၄)ဦး ထိရှိပြီး ထိုင်းကပြန်လာတဲ့သူတွေထဲက (၂၁)ဦးထိ ရောဂါပိုးတွေ့ရှိထားပါတယ်။ ဒီကနေ့ဇွန်လ (၂၂)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြလူနာ (၂၉၀) ဦးရှိပြီး ပြန်လည်ပျောက်ကင်းသူ (၂၀၀) ဦး ရှိကာ သေဆုံးသူ (၆) ဦး ရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က