loading...

loading...

loading...

ကူးစက်ခံရသူနှစ်ဦးဟာ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦီးဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ခင်ခင်ကြီး က အတည်ပြုပြောဆိုပါတယ်။
Thin Nu Swe


ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတယ်ဆိုတဲ့သတင်းက မှန်ကန်ကြောင်း ကျန်းမာ​ရေးဝန်ကြီးဌာနဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အတည်ပြုပြောကြားပါတယ်။

"ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အမျိုးသားတစ်ယောက် ၊ အမျိုးသမီးတစ်ယောက် Positive ဖြစ်တယ်၊ ဆေးစစ်သိရရင် ဆက်ပြောမယ်လို့ ပြောထားတယ်၊ လောလောဆယ်တော့ ဒါပဲ သိထားတယ်" လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ခင်ခင်ကြီး က Duwun ကို အတည်ပြုပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေးနဲ့ HIVရောဂါပိုင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အရာရှိ မစ္စတာ Surasak Thanaisawanyangkoon က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ တင်ထားတာကို တွေ့ရှိရပါတယ်။ 

ကူးစက်ခံရသူ နှစ်ဦးကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာနကနေ COVID 19 ကူးစက်ခံရသူ အခြားနိုင်ငံသားတွေနဲ့ နည်းတူ သူတို့ရဲ့ ကျန်းမာရေး အာမခံ နဲ့ ပြုစုကုသပေးနေတယ်လို့ သူက ဆိုပါတယ်။ လူနာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို သတင်းပေးပို့ထားပြီး ဖြစ်တယ်လို့ သူက ပြောထားပါတယ်။ ထိုမြန်မာ နှစ်ဦးမှာ မြန်မာနိုင်ငံက ကူးစက်လာတဲ့ လူနာများ မဟုတ်ကြောင်းလည်း ၎င်းက ထည့်သွင်းရေးသားထားပါတယ်။

ထိုင်းနိုင်ငံက သတင်းတွေအရတော့ ထိုင်းမှာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့အတွင်း လူ အယောက် ၅၀ ပိုးကူးစက်ခံရတာတွေ့ရှိရပြီး ဒီထဲမှာ မြန်မာလူမျိုးနှစ်ဦးပါဝင်တာဖြစ်ပါတယ်။ ပိုးကူးစက်ခံရသူ လူအယောက် ၅၀ ထဲကမှ ၄၁ ဦးဟာ လက်ဝှေ့ပွဲကြည့်ရှုမှုက တစ်ဆင့် ကူးစက်လာကြတာလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က