တစ်ရက်ကို (၂၀၀၀)ဝန်းကျင်ခန့်ပြန်လက်ခံဖို့အတွက် ထိုင်းအစိုးရနှင့်ညှိနှိုင်းနေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ COVID 19 ရောဂါဂယက်ကြောင့် ဒီတစ်အတွင်းမှာ မြန်မာနိုင်ငံကို သောင်းဂဏန်းနဲ့ချီ ပြန်လည်ဝင်ရောက်လာတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညနေပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ့တစ်ဆင့် အသိပေးပြောကြားခဲ့ပါတယ်။ 

ဧပြီလ (၃၀)ရက်နေ့နောက်ပိုင်းမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြန်လည်လက်ခံသွားမယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း ဧပြီလ (၃၀)ရက်နေ့မှာ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး မေလ (၁)ရက်နေ့ကစလို့ ပြည်ပကပြန်လာသူတွေကို သေချာစိစစ်ပြီး လက်ခံသွားမှာပါလို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်က Duwun ကိုပြောပါတယ်။



“ ပြန်လည်ဝင်ရောက်လာသူတွေကတော့ သောင်းနဲ့ချီရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က တစ်ရက်ကို (၂၀၀၀)နီးပါးလောက်ပဲ လက်ခံမယ်။ ဝင်လာတဲ့သူတွေကိုလည်း တန်းစီခိုင်းတာတွေ၊ ကျန်းမာရေးစစ်ဆေးမှုတွေသေချာလုပ်သွားမှာပါ။ ထိုင်းဘက်ကလည်း လိုအပ်တဲ့စာရွက်စာတမ်းလုပ်တာတွေ၊ ကျန်းမာရေးစစ်ဆေးမှုလုပ်တာတွေလည်းရှိတော့တစ်ရက်တည်းတော့ စုပြုံမဖြစ်နိုင်ဘူး။ အခုတော့ကျွန်တော်တို့လည်း ထိုင်းဘက်နဲ့ညှိနေပါတယ်” လို့ ဦးသန့်စင်အောင်က ပြောပါတယ်။ 

ပြည်ပကနေ မြန်မာနိုင်ငံကိုပြန်ဝင်လာတဲ့သူ အားလုံး Quarantine ဝင်ရမှာဖြစ်ပြီးတော့ လက်ရှိ မြဝတီမှာလူ(၂၀၀၀)စာအတွက်ပြင်ဆင်ထားသလို ထပ်ပြီးလည်းပြင်ဆင်နေပြီး ဘားအံအပါအဝင်တခြားမြို့နယ်တွေမှာလည်း Quarantineနေရာတွေ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

မေလတစ်ရက်နေ့ကစလို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လည်လက်ခံတော့မှာဖြစ်ရာ ထိုင်းနိုင်ငံတစ်ခုတည်းကတင် သောင်းနဲ့ချီရှိတယ်လို့ သိရပါတယ်။ 

အခုလို အခက်ကြုံနေချိန်မှာ အမိမြေကို အားကိုးတကြီး ပြန်လာကြတာကိုလည်း ဂုဏ်ယူရမှာပါလို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က