loading...

loading...

loading...

မြန်မာလုပ်သားထောင်နဲ့ချီ ပြန်လည်ဝင်ရောက်လာတာပါ။
Ei Ei Htun

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လာသူတွေက အလွန်များပြားလျှက်ရှိလို့ ပြန်လည်ဝင်ရောက်လာတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့နေအိမ်မှာပဲ (၁၄)ရက် အသွားအလာ ကန့်သတ်ခြင်းကို ပြုလုပ်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားဟာ ပြည်တွင်းကိုဝင်ရောက်လာနေပြီဖြစ်လို့ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားနိုင်ချေက ပိုမိုမြင့်မားလာတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ(၂၂)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Covid19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေဟာ အလွန်များပြားတဲ့အတွက် ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာကန့်သတ်ဖို့မဖြစ်နိုင်တာကြောင့် မိမိတို့နေအိမ်များမှာပဲ အသွားအလာကန့်သတ်ခြင်းကို လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ မြန်မာလုပ်သားထောင်နဲ့ချီဝင်ရောက်လာနေကြပြီး မတ်လ(၂၁)ရက်နေ့တစ်ရက်တည်းမှာပဲ ဝင်ရောက်လာသူ (၆၀၀၀)ကျော်ရှိနေတယ်လို့ သိရပါတယ်။ 

အခုလိုဝင်ရောက်လာသူထောင်နဲ့ချီရှိနေတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ထားတဲ့နေရာတွေက မလုံလောက်ဘဲ အခက်အခဲရှိနေတာလည်းဖြစ်ပါတယ်။  

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ဒီကနေ့ မတ်လ(၂၃)ရက်နေ့ကစပြီး ခရီးသည်အဝင်အထွက်ခွင့်ပြုတော့မှာ မဟုတ်ဘဲ ကုန်ပစ္စည်းတင်ပို့မှုကိုသာ ခွင့်ပြုတော့မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကလည်း အမိန့်ကြေညာချက်ထုတ်ပြန်ထားလျှက်ရှိပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က