တရားမဝင်ခိုးနည်းလမ်းနဲ့ခိုးဝင်သွားတဲ့ မြန်မာလုပ်သားတွေပါ။

မြန်မာနိုင်ငံဘက်ကနေ ထိုင်းကို တရားမဝင်နည်းလမ်းဖြင့် ခိုးဝင်ခဲ့တဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၃ ဦး ထိုင်းနိုင်ငံဘက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

photo -TYK



ကရင်ပြည်နယ်၊ မြဝတီမြို့၊ သောင်ရင်းမြစ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်ကို တရားမဝင်နည်းလမ်းဖြင့် ခိုး ဝင် ခဲ့ကြတာဖြစ်ပြီး ခိုးဝင်ခဲ့သူတွေကိုတော့ ထိုင်းနိုင်ငံဘက်မှာ ဇူလိုင်လ ၂၇ရက်နေ့ကကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

" အဲ့ဒီကိစ္စတော့သေချာမသိသေးဘူး။ ထိုင်းဘက်မှာဖြစ်တဲ့အခြေအနေဆိုတော့။ ဒီမြန်မာဘက်ကတော့ အထွက်ကိုပေးမထွက်ဘူး၊ အဝင်အထွက်ကို မြဝတီချစ်ကြည်ရေးတံတားကနေပဲ လုပ်တယ်။ မဲဆောက်ဘက်သွားမယ်ဆိုရင်တောင် ဟိုက်လတ်နဲ့ ဟိုက်ဂျက်ပဲ ပေးသွားတယ် ။ ဒါတောင် လူ ၂ ယောက်ပဲ ။ဘန်ကောက်ဘက်ကိုပေးမသွားဘူး။"လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကို ပြောပါတယ်။

photo -TYK

မဲဆောက်နဲ့က မိုင်ပေါင်း ၄၈ မိုင်ရှိတာကြောင့် မြဝတီဘက်ကနေ ဘယ်လိုပုံစံဖြင့် တရားမဝင် သွားရောက်ခဲ့သလဲဆိုတာကိုတော့ ပြောဆိုရခက်တဲ့အနေအထားရှိတယ်လို့ ဆိုပါ တယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သား ၁၃ ဦးကို မဲဆောက်မြို့နယ်က ခြေလျှင်တပ်အမှတ်(၄) လုံခြုံရေးကင်းလှည့်နေစဉ်အတွင်း  ပြည်ဝင်ခွင့်

လက်မှတ်စစ်ဆေးရာကနေ အထောက်ထားပြနိုင်ခြင်းမရှိတာကြောင့် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ဖမ်းဆီးခံရသူတွေကတော့ ကျား (၇)ဦး၊မ(၆) ဦးဖြစ်ပါ။

လက်ရှိ COVID.19 ကာလဖြစ်တာကြောင့် နယ်စပ်ဂိတ်တွေကနေ လူအဝင်အထွက်ကို ထိုင်းဘက်၊ မြန်မာနှစ်ဖက်စလုံးက ပိတ်ထားဆဲဖြစ်ပြီး ၊ထိုင်းဘက်ကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာမယ့် နိုင်ငံသားတွေကိုသာ စိစစ်လက်ခံနေတာဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။)

Share

Loading Next Article...
က္က