ဒီကနေ့ သြဂုတ်လ(၂၀)ရက်နေ့ကစပြီး ပိတ်လိုက်တာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ပြည်တွင်းကူးစက်လူနာတွေ ဆက်တိုက်တွေ့ရှိလာခဲ့တာကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့ စာသင်ကျောင်းများကို ဒီကနေ့ စပြီး ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။ 

လက်ရှိဖွင့်လှစ်ထားတဲ့ အထက်တန်းအဆင့်ကျောင်းတွေကို ယာယီပိတ်သိမ်းလိုက်သလို နောက်ထပ်ဖွင့်ဖို့ ပြင်ဆင်ထားတဲ့ ကျောင်းတွေကိုလည်း ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ သိရပါတယ်။ 



“ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှု ဖြစ်ပေါ်နေလို့ ကျောင်းတွေပိတ်ပေးဖို့ဆိုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနကို စာပို့လာတယ်။ ဒါကြောင့် လက်ရှိရခိုင်ပြည်နယ်မာ ဖွင့်လှစ်ထားတဲ့စာသင်ကျောင်းတွေကို ယာယီပိတ်ဖို့နဲ့ ဖွင့်လှစ်မယ့်ကျောင်းတွေကို ဆိုင်းငံ့ထားဖို့ ဒီကနေ့ပဲ စာထုတ်ပြန်လိုက်ပါတယ်” အခြေခံပညာဦးစီးဌာနရဲ့ ဒုတယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးက စာသင်ကျောင်းတွေကို ယာယီပိတ်လိုက်ပေမယ့် တခြားတိုင်းနဲ့ ပြည်နယ်က စာသင်ကျောင်းတွေကို ပုံမှန်အတိုင်းဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ်လ( ၁၆)ရက်နေ့ကစလို့ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ ပြည်တွင်းကူးစက်လူနာ (၁၉)ဦးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ပိုးတွေ့လူနာ (၁၉)ဦးမှာ (၁၇)ဦးက အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားသလို ခရီးသွားရာဇဝင်လည်း မရှိတဲ့အတွက် ရောဂါကူးစက်မှု အကြောင်းအရင်းကို မသိရှိရပါဘူး။

ရောဂါပိုးကူစက်မှုနှုန်းမြင့်တက်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကိုလည်း Stay at Home သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်တစ်ခုလုံးက စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံးမှာတော့ စာသင်ကျောင်းပေါင်း (၄၀၀)ကျော်ရှိတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က