ရခိုင်ပြည်နယ်ကနေ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်ကြီးကို လာရောက်သူတွေကို ကွာရန်တင်းထားဖို့ ထုတ်ပြန်ထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုမြင့်တက်လာတာကြောင့် ရခိုင်နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့က နဝဒေးတံတားမှာစစ်ဆေးရေးဂိတ်တွေကို ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Photo ပြည်သစ္စာ

ဒါကြောင့် ဒီနေ့ကစပြီး ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတဲ့ဒေသက သူတွေဟာ ပြည်မြို့မှာကွာရန်တင်း ၂၁ ရက်နေထိုင်ရမှာဖြစ်ပြီး၊ အခြားမြို့နယ်က သူတွေကတော့ သက်ဆိုင်ရာ ရပ်ကျေးထောက်ခံစာလိုအပ်ပြီး ရောဂါလက္ခဏာရှိ,မရှိကို စစ်ဆေးခံယူရမယ်လို့သိရပါတယ်။ “ဒီနေ့ စစ်ဆေးရေးစခန်းတွေပြန်ဖွင့်ပြီး စစ်ဆေးမှုတွေလုပ်နေပြီ။ ရခိုင်ပြည်နယ်က ရောဂါဖြစ်ပွားရာဒေသကလူတွေကတော့ ကွာရန်တင်းဝင်ရမယ်။ တခြားaရာဂါကူးစက်မှုမရှိသေးတဲ့မြို့နယ်တွေက ဆိုရင်တော့ ထောက်ခံစာပါရမယ်။ ရောဂါလက္ခဏာရှိမရှိကို စစ်ဆေးမယ်။ ဒါပေမယ့် အဲ့ဒီလူတွေ ခုထိတော့ရောက်မလာဘူး။ ပြည်ဘက်မရောက်ခင်ကတည်းက ဟိုဘက်ကလည်း ပေးဝင်ဘူးသိရတယ်။”လို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။



Photo ပြည်သစ္စာ

ရခိုင်ပြည်နယ်ရှိ ရောဂါကူးစက်မှုမရှိသေးတဲ့မြို့နယ်တွေကနေ ပြန်လာသူတွေအနေနဲ့လည်း မြို့အဝင်ဂိတ်မှာကျန်းမာရေးစစ်ဆေးမှုခံယူရပြီး သံသယဖြစ်ဖွယ်ရောဂါလက္ခဏာမတွေ့မှသာ မြို့ထဲကို ဝင်ရောက်ခွင့်ပြုမယ်လို့ ကွာရန်တင်းဝင်ရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း တရားဝင်စာထွက် ပြောဆိုထားပြီဖြစ်ပါတယ်။ “ပြည်မရောက်ခင် ဥသျှစ်ပင် ၊ ပန်းတောင်း ဘက်တွေမှာလည်း စစ်ဆေးရေးဂိတ်တွေလုပ်ပြီး အဲ့ဘက်ကတည်းက ရခိုင်ရောဂါရှိတဲ့မြို့က လာသူတွေကို ပေးမဝင်ဘူးသိရတယ်။ ကျန်တဲ့မြို့ကသူတွေကိုလည်း ပေးမဝင်ဘူးသိရတယ်။ပြည်မှာလည်း စစ်ဆေးမှုတွေလုပ်နေပြီ” ပြည်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

Photo ပြည်သစ္စာ

လက်ရှိရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄၅ ဦးအထိရှိနေပြီး အားလုံးက ပြည်တွင်းကူးစက်ခံရသူတွေပါ။ ဒါကြောင့် ရခိုင်ပြည်နယ်ကနေ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်ကြီးကို လာရောက်သူတွေကို ကွာရန်တင်းထားဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အမိန့်ကြေငြာစာတွေ ထုတ်ပြန်ထားကြပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က