အထက်တန်းပြမရှိဘဲ အရမ်းခက်ခဲနေဲ့ ပြည်နယ်နဲ့တိုင်းအချို့ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ အထက်တန်းပြ ဆရာ ဆရာမ မရှိတဲ့ ကျောင်းတွေ အများကြီးရှိနေတယ်လို့ အခြေခံပညာဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။



ဒါကြောင့် ရခိုင်ပြည်နယ်ထဲက အလယ်တန်းပြ၊ မူလတန်းပြမှာသင်ကြားနေတဲ့ ဆရာ ဆရာမတွေထဲကနေ အထက်တန်းပြကိုသင်ကြားနိုင်မယ့် ဆရာ ဆရာမတွေနဲ့သင်ကြားဖို့ ပြည်နယ် ပညာရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့တွေ စီစဉ်ပါတယ်။

" အထက်တန်းပြမရှိဘဲ အရမ်းခက်ခဲနေတဲ့ ပြည်နယ်နဲ့တိုင်းအချို့ရှိတယ်။ ဒီထဲမှာ ရခိုင်ပြည်နယ်က အထက်တန်းပြမရှိတဲ့ကျောင်းတော်တော်များတယ်။ အောက်ခြေအဆင့်ကနေ ဖြေရှင်းလို့မရတာရှိရင်တော့ အခြေခံပညာကနေ ကူပြီးဖြေရှင်းပေးဖို့ မှာထားပြီးသားပါ" လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

 ပြည်နယ်နဲ့ တိုင်းတွေက စာသင်ကျောင်းတွေမှာ အထက်တန်းပြ ၊အလယ်တန်းပြ ၊ မူလတန်းပြ ဆရာ ဆရာမ လိုအပ်ချက်ရှိပါက သက်ဆိုင်ရာ တိုင်းပညာရေးမှူး ၊ ခရိုင်ပညာရေးမှူး ၊အစိုးရအဖွဲ့ စတဲ့တာဝန်ရှိသူတွေက ဖြေရှင်းရမှာဖြစ်ပါတယ်။

တကယ်လို့ ဆရာ အပြောင်းအရွှေ့တွေကြောင့် အထက်တန်းပြအတွက် အခက်အခဲဖြစ်နေပါက အလယ်တန်းပြ မာစတာရရှိထားသူ၊ မူလတန်းပြ မာစတာရရှိထားတဲ့ ဆရာ ဆရာမတွေကို အထက်တန်းစာသင်ကြားခိုင်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းအတွင်း ဆရာဆရာမ များနေတဲ့ ကျောင်းတွေကနေ လိုအပ်မှုရှိတဲ့ကျောင်းကို ပို့ပြီး တာဝန်ပေးလို့ရပါတယ်။အခြေ ခံပညာအထက်တန်းအဆင့်ကို ဇူလိုင်လ ၁၃ ရက်နေ့ကတည်းက စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။

လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာတော့ အခြေခံပညာအထက်တန်း အဆင့် ကျောင်းစုစုပေါင်း ၅,၆၃၃ ကျောင်း၊ဘုန်းတော်ကြီးသင်အထက်တန်းကျောင်း ၃ ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၀၀၀ ကျောင်း ရှိပြီး အထက်တန်းကျောင်းသား စုစုပေါင်းက ၁.၂ သန်း ဝန်းကျင်ရှိပါတယ်။ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမက စုစုပေါင်း ၄၀၀,၄၄၄ ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က