ထိုင်းကနေပြည်တွင်းကို ပြန်ဝင်လာသူ တစ်သောင်းကျော်ရှိနေပြီဖြစ်ပါတယ်။
Ei Ei Htun

မေလအတွင်းမှာ ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာသူ (၁)သောင်းကျော်ရှိပြီး နှစ်ထောင်ကျော်ကို ဓာတ်ခွဲစစ်ဆေးပြီးရာမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ 

COVID ကာလမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို မေလ(၁)ရက်နေ့ကစပြီး ပြန်လည်ဝင်ရောက်ခွင့်ပြုရာမှာ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ မြဝတီနယ်စပ်ဂိတ်ကနေတဆင့် ပြန်လည်ဝင်ရောက်လျှက်ရှိရာ မေလတစ်လုံးမှာ ပြန်လည်ဝင်ရောက်လာသူ (၁)သောင်းကျော်အထိ ရှိတယ်လို့ မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

“ကျွန်တော်တို့ဆီကို စာရင်းပေးထားတာတော့ ထိုင်းကပြန်လည်ဝင်ရောက်လာဖို့ရှိတဲ့ ဦးရေက (၃)သောင်းရှိပါတယ်။ အဲဒီထဲကမှ ယနေ့ထိကို (၁)သောင်းကျော်ပြန်လည်ရောက်ရှိနေပါပြီ။ ဒီ(၁)သောင်းကျော်ထဲကနေ ဓာတ်ခွဲစစ်ဆေးမှုလုပ်ပြီးတာက (၂၀၀၀)ကျော်ရှိပါတယ်။ အားလုံးမှာရောဂါပိုးမတွေ့ရှိရပါဘူး” လို့ ဦးသန့်ဇင်အောင်ပြောပါတယ်။ 

ထိုင်းနိုင်ငံကနေပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေက တခြားနိုင်ငံတွေကထက် ပိုများပြီး မေလ(၂၃)ရက်နေ့ နောက်ပိုင်းကစပြီး တစ်ရက်ကို (၁)ထောင်ကျော်ဝင်ရောက်လျှက်ရှိနေပါတယ်။ မြဝတီနယ်စပ်ဂိတ်ကနေတဆင့် ပြန်လာတဲ့သူတွေထဲမှာ ကရင်၊ ကချင်၊ ချင်းနဲ့ နေပြည်တော်က သူတွေကိုတော့ ကရင်ပြည်နယ်မှာရှိတဲ့ Quarantine စင်တာတွေမှာပဲ ထားရှိပြီး ကျန်းတိုင်းနဲ့ ပြည်နယ်ကသူတွေကိုတော့ သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ကာ မော်တော်ယာဉ်များနဲ့ ပို့ဆောင်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ လူဦးရေ (၂)သောင်းကျော်လောက်ကျန်ရှိနေသေးပြီး ပြန်လည်ဝင်ရောက်လာသမျှသူတွေကိုတော့ မြန်မာနိုင်ငံဘက်က တစ်နေ့ချင်းကန့်သတ်ဦးရေအတိုင်း အားလုံးလက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က