သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ် အတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ စီစဉ်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

Photo- MOI

န်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသကို ၂၀၁၉ခုနှစ်အမီ ကမ္ဘာ့အမွေအနှစ်စာရင်းအောင်မြင်စွာတင်သွင်းနိုင်ဖို့ ဌာနဆိုင်ရာတွေ၊ပြည်တွင်းပြည်ပပညာရှင်တွေ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဒေသတွင်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာအဆင့်တစ်နေရာရှိတဲ့ အမွေအနှစ်တွေဖြစ်တာကို သက်သေပြလိုခြင်း၊ကမ္ဘာအဆင့်ထိန်းသိမ်းမှုတွေဆာင်ရွက်စေလိုခြင်း၊နိုင်ငံသီးသီးက ပိုမိုစိတ်ဝင်စားကာ တန်ဖိုးထားလေ့လာမှု ပိုမိုများပြားလာနိုင်ခြင်းစတဲ့ ရည်ရွယ်ချက်တွေရှိကြောင်းလည်း ဝန်ကြီးက ဖြည့်စွက်ပြောခဲ့ပါတယ်။

Photo- Go-Myanmar.com

အဆိုပါအစည်းအဝေးမှာ "မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ"ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ Management Plan ရေးဆွဲရေး၊ Nomination Dossier ရေးဆွဲရေး၊ Disaster Risk Management Plan ရေးဆွဲရေး၊ ဇုန်နယ်နိမိတ်သတ်မှတ်ခြင်း လုပ်ငန်းဆိုင်ရာများနဲ့ ပတ်သက်ပြီး နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၄ခုနှစ်မှာပျူမြို့ဟောင်း(၃)မြို့ဖြစ်တဲ့ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ခံခဲ့ရပြီး၂၀၁၇ ခုနှစ်မှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တင်သွင်းခဲ့ပြီးဖြစ်တယ်လို့လည် းသိရပါတယ်။

လက်ရှိတော့ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း အချိန်မီတင်သွင်းနိုင်ဖို့နဲ့ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ကိုလည်း ဝန်ကြီးက အဆိုပါအစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။



က္က