သူနဲ့ထိတွေ့ခဲ့တဲ့ ပဲခူးဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကို ကွာရန်တင်းထားလိုက်ရပါတယ်။

ပဲခူးတိုင်း၊သနပ်ပင်မြို့မှာ ခရီးသွားရာဇဝင် လိမ်ညာပြောဆိုပြီး ဆေးကုသမှုခံယူခဲ့တဲ့ အမျိုးသားတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပိုးတွေ့ လူနာဟာStay Home သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်း၊ လိူင် မြို့နယ်ကနေ ပြန်လာသူဖြစ်လို့ ရပ်ကွက်တာဝန်ရှိသူတွေက ကွာရန်တင်း ဝင်ဖို့ ပြောဆိုတာကို လက်မခံတဲ့အပြင် မှန်ကိုလက်သီးနဲ့ ထိုးခဲ့တာကြောင့် သွေးထွက်လွန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့် ပဲခူးဆေးရုံကြီးကို သွားရောက်ဆေးကုသစဉ်မှာ ခရီးသွားရာဇဝင် မရှိဘူးလို့ ပြောဆိုခဲ့တာပါ။ 



အဲဒီနောက် ကျန်းမာရေးဝန်ထမ်းတွေက ကုသမှုပေးခဲ့ပြီးတော့မှ ထပ်မံစစ်မေးစဉ် ရန်ကုန်တိုင်း၊လှိုင်မြို့နယ်က ပြန်လာသူဖြစ်ကြောင်းပြောဆိုခဲ့တာပါ။ ဒါကြောင့်သူ့ကို သီးခြားထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးစဉ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းထဲပါဝင်လာခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့ထားတဲ့ အမျိုးသားနဲ့ ထိတွေ့ဆက်စပ်ခဲ့ ပဲခူးပြည်သူ့ဆေးရုံကြီး၊ပြင်ပလူနာဌာနက ဧည့်ကြို၊ အရိုးအကြော ကုသဆောင်က ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း ၂၅ ဦးကို ပဲခူးတက္ကသိုလ်ကွာရန်တင်းစင်တာမှာ ထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမယ်လို့လည်းသိရပါတယ်။

"လူနာနဲ့ထိ‌တွေ့ခဲ့တဲ့ ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေ၊ သနပ်ပင်က ထိတွေ့သူတွေကို ကွာရန်တင်းထား ပါမယ်။ လိမ်လည်‌ဆေးကုသတဲ့ ကိုဗစ်ပိုးတွေ့လူနာကိုလည်းသေဘာဝဘးစီမံခန့်ခွဲမှုဥပဒေနဲ့အမှုဖွင့်မယ်"လို့ ပဲခူးတိုင်းဒေသကြီးအစိုးရ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောပါတယ်။

ပိုးတွေ့လူနာအမျိုးသားဟာ သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုကျေးရွာ မှာနေထိုင်သူဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်ရှိပြီး ခရီးသွားရာဇဝင်ကို လိမ်ညာပြောဆိုခဲ့တဲ့အတွက် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က