လာမယ့်မတ်လလောက်မှာ ပန္နက်တင်အခမ်းအနားကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်

သန်လျင်-ရန်ကုန်အမှတ် (၃) တံတားကို JICA ဆီကချေးငွေကျပ် သန်းပေါင်း ၅၆၁၁၀.၄၉၄ နဲ့ တည်ဆောက်သွားမှာဖြစ်တယ်လို့ သန်လျင်မဲဆန္ဒနယ်က ဦးလွင်ကိုလတ်က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။



ဓါတ်ပုံ- ဦးလွင်ကိုလတ်



သန်လျင်-ရန်ကုန်တံတားကို ဂျပန်နိုင်ငံက ချေးငွေနဲ့ တည်ဆောက်သွားမှာဖြစ်ပြီးတော့ လာမယ့်မတ်လလောက်မှာ ပန္နက်တင်အခမ်းအနားကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတံတားကို စီမံကိန်းကာလ ၂၀၁၈- ၂၀၂၁ ခုနှစ်သတ်မှတ်ထားတာဖြစ်ပြီးတော့ မကြာခင်မှာတည်ဆောက်ရေးကာလစတင်သွားမှာဖြစ်တယ်လို့လည်း တံတားဦးစီးဌာနကနေ ပြောထားတာဖြစ်ပါတယ်။

လက်ရှိမှာ သန်လျင်-ရန်ကုန်ပြေးဆွဲနေတဲ့ တံတားက တရုတ်နိုင်ငံကတည်ဆောက်ထားတာဖြစ်ပြီးတော့ တန်ချိန်များတဲ့ကားတွေတံတားရဲ့ ကြံ့ခိုင်မှုကြောင့် ဖြတ်သန်းသွားခွင့်မပေးထားဘူးလို့ သိရပါတယ်။




ဒါ့အပြင် လမ်းကြောပိတ်ဆို့မှုကို အမှတ် ၁ တံတားအဟောင်းမှာ အမြဲလိုလိုကြုံတွေ့နေရတာဖြစ်ပြီးတော့ ဒီလို အပြိုင်တံတားတစ်စင်းတည်ဆောက်ပြီးတယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားမယ်လို့လည်း သိရပါတယ်။ 

၂၀၁၈ ခုနှစ်ဒီဇင်ဘာလတုန်းကလည်း ရန်ကုန်-ဒလမြစ်ကူးတံတားကို တည်ဆောက်ဖို့ ပန္နက်ရိုက်တဲံအခမ်းအနားကို ပြုလုပ်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပန္နက်ရိုက်ပေးခဲ့တာဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ



က္က