အချက်အလက်တွေကို ရန်ကုန်ုမှာတော့ ရန်ကုန်ဆေးရုံကြီးကနေ စတင်ကောက်ယူတော့မှာဖြစ်တယ်လို့ ဆိုပါတယ်

ကင်ဆာရောဂါနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို တစ်နိုင်ငံလုံးအနှံ့စာရင်းကောက်ယူသွားမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီး ဓါတ်ရောင်ခြည်ကင်ဆာဌာနက ပါမောက္ခဌာနမှုးဒေါက်တာခင်ချိုဝင်းက ပြောပါတယ်။

အသစ်ဖွင့်လှစ်ခဲ့သည့် ကင်ဆာကုဌာနသစ်

“ကင်ဆာ Registory ကိုလုပ်ဖို့လိုတယ်။ကင်ဆာ စာရင်းက မြန်မာစ်နိုင်ငံလုံးအတွက် လုပ်ဖို့ စနေပြီ။ပထမနေပြည်တော်မှာ လုပ်ပြီးပြီပေါ့ ။အရင်က ဆေးရုံအခြေပြု registory က ဆေးရုံတိုင်းမှာရှိကြတယ်။အခုနောက်ပိုင်းက မြန်မာတစ်ပြည်လုံးက စာရင်းရဖို့ WHO,IAEA, I Act အဖွဲ့ပေါင်းပြီးနေပြည်တော်မှာ ဆော့ဖ်ဝဲလုပ်တယ်။ အဲဒီကနေ နေပြည်တောမှာစကောက်တယ်။ အခုရန်ကုန်ဆေးရုံကြီးမှာစနေပြီ” လို့ သူက ပြောပါတယ်။

ကင်ဆာနဲ့ပတ်သတ်တဲ့ ရောဂါအများစုက ရန်ကုန်ဆေးရုံကြီးက ကင်ဆာကုဌာနကို ရောက်တာဖြစ်တာကြောင့် အချက်အလက်တွေကို ရန်ကုန်ဆေးရုံကြီးကနေ စတင်ကောက်ယူတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကျန်တဲ့ဆေးရုံတွေကိုလည်း ကင်ဆာနဲ့ ပါတ်သတ်တဲ့စာရင်းတွေကောက်ခံဖို့ အတွက် register ကောက်သူ ၇ ယောက်ခန့်အပ်ထားတယ်လို့လည်းပြောပါတယ်။ အဆိုပါဝန်ထမ်းတွေက စာရင်းကောက်ယူတဲ့လုပ်ငန်းစဉ်ကတော့ လာမယ့်မတ်လမှာနောက်ဆုံးကောက်ခံမှာဖြစ်ပြီး နောက်ပိုင်းမှာ ဝန်ကြီးဌာနနဲ့ ပေါင်းပြီးဆရာဝန်တွေကိုယ်တိုင် စာရင်းအင်းမှုးတွေအဖြစ် လုပ်ကိုင်ပြီးဆက်လက်စာရင်းပြုစုမယ်လို့ ပြောပါတယ်။ အဲ့ဒီလို စာရင်းကောက်ယူခြင်းအားဖြင့် ကင်ဆာနဲ့ပတ်သတ်တဲ့သုတေသနတွေ ပိုသိနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကင်ဆာရောဂါကြောင့် ဆေးရုံတက်ရသူဦးရေက ရန်ကုန်ဆေးရုံကြီးမှာ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ ၇၂၅၄ ဦးရှိပြီးတော့ အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ၊ အူမကြီးကင်ဆာဖြစ်ပွားမှုများပြီး အမျိုးသားတွေမှာတော့ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ။ အူမကြီးကင်ဆာဖြစ်ပွားမှုက အများဆုံးဖြစ်နေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ 



က္က