သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာပါ။
Mi Thawdar Aung

ဖျာပုံမြို့ ပင်လယ်ကျားပိုက် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေနဲ့ ပင်လယ်ကျားပိုက် လုပ်ငန်းရှင်တွေက နိုဝင်ဘာလ ၃၀ ရက် မနက် ၁၀ နာရီအချိန်မှာ ဖျာပုံမြို့ အောင်နိုင်သူ ဟိုတယ်ခန်းမမှာ ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။

ဖျာပုံမြို့နယ်အတွင်းက ကျားဖောင်လုပ်ငန်းများကို တွေ့ရစဉ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သတင်းအမှန်အတိုင်း သိရှိစေဖို့ ဖျာပုံပင်လယ်ပြင်မှာ ဆောင်ရွက်နေတဲ့ အင်္ဂလန်ကျားဖောင်လုပ်ငန်းရှင်တွေက သတင်းစာရှင်းလင်းပွဲပြုလုပ်

သွားမယ်လို့ သိရပါတယ်။

လက်ရှိတော့ အဆိုပါသတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ စာရင်းပေးသွားထားတဲ့ မီဒီယာ သမား အယောက် (၅၀) ကျော်ရှိနေပြီး ပင်လယ်ကျားဖောင်တွေဆီကိုလည်း သတင်းရယူလိုပါက စီစဉ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ လုပ်ငန်းရှင်တွေကနေ သတင်းစာရှင်းလင်းပွဲ လုပ်ချင်တယ်ဆိုပြီး ကျွန်တော်တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ကို အကူအညီတောင်းပါတယ်။ သူတို့ဘက်က မီဒီယာအဆက်အသွယ်လဲမရှိတော့ ရန်ကုန်မှာ လုပ်ဖို့ စဉ်းစားတယ်။ တကယ်တမ်းဒီဖြစ်စဉ်တွေက အောက်ခြေမှာ ဖြစ်တဲ့အတွက် အောက်ခြေမှာလုပ်တာပဲ ပိုကောင်းတယ်ဆိုပြီး အကြံပေးခဲ့တယ်။ အဲဒါနဲ့ ဒီသတင်းစာရှင်းလင်းပွဲဖြစ်လာတာပါ။ ” လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်အရာရှိ ဦးကြီးငွေက Duwun ကိုပြောပါတယ်။

ကျားဖောင်လုပ်ငန်းတွေမှာ လုပ်သားတွေလုပ်ခလစာ အပြည့်အဝမရရှိမှု၊ညှင်းပန်းနှိပ်စက်ခံရမှု၊ အာဟာရမလုံလောက်မှုစတဲ့ လူ့အခွင့်အရေးအရ ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက်လည်း လူ့အခွင့်အရေး ကော်မရှင်က ဖျာပုံကို သွားမယ်လို့လည်းသိရပါတယ်။

ကွင်းဆင်းစုံစမ်းရေးအဖွဲ့က (၃) ရက်ကနေ (၁) ပတ်အတွင်း စုံစမ်းမှုတွေပြုလုပ်ကာ သုံးသပ်ချက် ရလဒ်ကို အစီရင်ခံတစ်စောင်ရေးသားဖော်ပြပြီး သက်ဆိုင်ရာ ဌာနကိုတင်ပြသွားဖို့လည်း ရှိနေပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းမှာ လုပ်ကိုင်ဖို့ ပွဲစားကတစ်ဆင့် ငွေကျပ် ၇ သိန်းနဲ့ ရောင်းစားခံခဲ့ရတဲ့ဖြစ်စဉ် လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် နောက်ထပ်ရောင်းစားခံရသူနှစ်ဦးကို လူကုန်တားရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရသလို လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးဖို့ တွေ ဖြစ်လာခဲ့ပါတယ်။


က္က