လူ့အခွင့်အရေးကော်မရှင်ကသွားရောက်စုံစမ်းမှာပါ။
Mi Thawdar Aung

ကျားဖောင်လုပ်ငန်းလို့ ခေါ်တဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်သားတွေညှင်းပန်းနှိပ်စက်ခံရမှု၊ အာဟာရမလုံလောက်မှု၊ လုပ်ခလစာအပြည့်အ၀ မရမှုဖြစ်စဉ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေတယ်လို့ ယူဆရကြောင်း လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးယုလွင်အောင်က Duwun ကိုပြောပါတယ်။

“ လုပ်ငန်းခွင်မှာ ညှင်းပန်းနှိပ်စက်မှုတွေ တွေ့နေရတယ်။ ကောင်းကောင်း အစာမကျွေးဘူး။ ရိုက်နှက်မှုတွေလည်း တွေ့ရတယ်။ လုပ်ခလစာတွေလည်း အပြည့်မရဘူးဆိုပြီးသတင်းတွေ ကြားရတယ်။ ဒါတွေက လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေတယ်” လို့ ဥက္ကဌ ဦးယုလွင်အောင်က ဆိုပါတယ်။

ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားကို မိသားစုက ပြန်လည်ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်၊ နောက်ဆက်တွဲ လူကုန်ကူးခံခဲ့ရသူနှစ်ဦးကို ကယ်ထုတ်ခဲ့ရမှုတွေ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းတွေ ပျံ့နှံလာခဲ့ပြီးနောက် လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စုံစမ်းဖို့ ဖြစ်လာခဲ့တာပါ။

ကော်မရှင်ရဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းက ကျားဖောင်လုပ်ငန်းတွေကို သွားရောက်စုံစမ်းမှာ ဖြစ်ပြီး စစ်ဆေးမှုကို (၃) ရက်ကနေ (၇) ရက်အတွင်း လုပ်ဆောင်မယ်လို့ သိရပါတယ်။

“ ကျားဖောင်လုပ်ငန်းဘယ်နှစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ survey လုပ်မယ်။ ပြီးရင် အဲဒီဒေသက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်မယ်။ ရလာတဲ့ အစီရင်ခံစာတွေကို ဘယ်ဌာနကို တင်ပြမလဲဆိုတာကို ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး” လို့ကော်မရှင် ဥက္ကဌ ဦးယုလွအောင် Duwun ကိုပြောပါတယ်။

စုံစမ်းစစ်ဆေးပြီးနောက် ရရှိလာတဲ့ သုံးသပ်ချက်တွေကို အစီရင်ခံစာတစ်စောင်ရေးသားထုတ်ဝေမှာ ဖြစ်ပြီးသက်ဆိုင်ရာ ဌာနကို တင်ပြသွားမယ်လို့လည်း ဦးယုလွင်အောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း ငါးဖမ်းလုပ်ငန်းတွေမှာ ညှင်းပန်းနှိပ်စက်ခံရမှု၊ လုပ်ခလစာငွေ မရရှိမှု၊ ကျားဖောင်တွေပေါ်မှာ အလုပ်လုပ်ရင်း သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုင်စာ (၂) ခု ရရှိထားတယ်လို့ လူ့အခွင့်အရေးကော်မရှင်ကနေ သိရပါတယ်။

လက်ရှိတော့ ဒဂုံတက္ကသိုလ်ကျောင်းသား ရောင်းစားခံခဲ့ရတဲ့ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်သူ (၇) ဦးအနက် ပွဲစား ဗလ (ခေါ်) ဗလကြီးနဲ့ ညှင်းပန်းနှိပ်စက်သူ ဖောင်ဦးစီး ကျော်အောင်တို့ကို ဖမ်းဆီးမိထားပြီး ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားနဲ့အတူ ရောင်းစားခံခဲ့ရသူနှစ်ဦးကို ကယ်တင်နိုင်ပြီ


က္က