မြစ်ကမ်းဘေးမှာဆောက်လုပ်ထားတဲ့ အိမ်ခြေ(၅)ခုလောက်ပြောင်းရွေ့ထားပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့နယ် ဂွေ့ကြီးကျွန်းကျေးရွာက နေအိမ်တချို့ ရေဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရပါတယ်။ 

photo-Myanmar Fire Services Department

မြစ်ကမ်းဘေးမှာဆောက်လုပ်ထားတဲ့ အိမ်ခြေ(၅)ခုလောက်ကို လတ်တလောမှာပြောင်းရွေ့ထားပြီး မြစ်ရေအခြေအနေကလည်း ထပ်ပြီးတက်လာနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

“လက်ရှိဧရာဝတီမြစ်ရဲ့ ရေမှတ်က (၁၀၀၆)မှာရှိတယ်။ စိုးရိမ်ရေမှတ်ကတော့ (၁၀၄၀)ပါ။ ဒါမယ့် အခုရာသီဥတုအနေအထားကလည်း အုံ့ဆိုင်းနေပြီးတော့ မိုးရွာမယ့်အခြေအနေမှာရှိနေတယ်။ မိုးရွာရင်တော့ မြစ်ရေမှတ်က ထပ်တက်လာနိုင်တယ်။အခုတော့ မြစ်ကမ်းဘေးရှိတဲ့ အိမ်ခြေ(၅)ခုလောက်လောက်ကိုတော့ ရေဘးလွတ်ရာကို ဒီမနက်ပိုင်းကပဲ ပြောင်းရွေ့ပေးထားတယ်"လို့ ကသာမြို့ မီးသတ်ဦးစီးအရာရှိ ဦးအောင်ဖြိုးသူက Duwun ကိုပြောပါတယ်။

photo-Myanmar Fire Services Department

လက်ရှိပြောင်းရွေ့ထားတဲ့ အိမ်ခြေ (၅)စုကိုတော့ ရေဘေးလွတ်ရာက ကုန်းမြင့်ပေါ်ကို ယာယီပြောင်းရွေ့ပေးထားတယ်လို့သိရပါတယ်။ 

ဧရာဝတီမြစ်ရေက နောက်တစ်ရက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်လာနိုင်တယ်လို့ မိုးဇလထုတ်ပြန်ထားတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ကသာမြို့က ကုန်းမြင့်တွေပေါ်မှာကူးပြောင်းနေထိုင်နိုင်ဖို့နဲ့ အားကစားရုံတွေမှာလည်း ယာယီနေရာချထားပေးဖို့တွေကို ပြင်ဆက်ထားတယ်လို့ ဦးအောင်ဖြိုးသူကပြောပါတယ်။

လက်ရှိ ကသာမြို့နယ်အတွင်းမှာလည်း ရေဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး လိုက်လံနှိုးဆော်မှုတွေလည်းလုပ်ဆောက်နေပါတယ်။

စိုးရိမ်ရေမှတ်သာရောက်လာရရင် ကျေးရွာ (၈)ရွာလောက်အထိ ရေဘေးသင့်နိုင်တယ်လို့လည်း သိရပါတယ်။


Share

Loading Next Article...
က္က