ဧရာဝတီတိုင်းက (၃)ဦးသေဆုံးခဲ့တာပါ။
Ei Ei Htun

ရာသီတုပ်ကွေး H1N1ကြောင့် တစ်နိုင်ငံလုံးသေဆုံးသူ (၈၇)ဦးမှာ ရန်ကုန်တိုင်းက (၆၃)ဦး၊ ဧရာဝတီတိုင်းက (၈)ဦးပါဝင်နေကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။



photo- Myanmar CDC

သြဂုတ်လ(၁)ရက်နေ့ကနေ (၃)ရက်နေ့အထိ (၂)ရက်အတွင်း ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ (၄)ဦးရှိကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကနေ သြဂုတ်(၁)ရက်နေ့ထိကို တစ်နိုင်ငံလုံးသေဆုံးသူမှာ (၈၃)ဦးရှိခဲ့ပြီးတော့ ဒီကနေ့ သြဂုတ်လ(၃)ရက်နေ့မှာတော့ သေဆုံးသူ(၈၇)ဦးထိရှိခဲ့ပါတယ်။

(၂)ရက်အတွင်းသေဆုံးတဲ့ (၄)ဦးက ဧရာဝတီတိုင်းဒေသကြီးက (၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးက (၁)ဦးသေဆုံးခဲ့တာပါ။ ယနေ့အထိ တစ်နိုင်ငံလုံးသေဆုံးသူ (၈၇)ဦးမှာတော့ ရန်ကုန်တိုင်းဒေသကြီးက (၆၃)ဦး၊ ဧရာဝတီတိုင်းဒေသကြီးက (၈)ဦးသေဆုံးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုအများဆုံးတိုင်းဒေသကြီးနှစ်ခုဖြစ်နေပြီး သေဆုံးမှုကလည်းအများဆုံးဖြစ်နေပါတယ်။

တစ်နိုင်ငံလုံးရာသီတုပ်ကွေးသံသယလူနာ ဓာတ်ခွဲစစ်ဆေးသူ( ၁၀၉၉)ဦးရှိကာ အတည်ပြုဖြစ်ပွားနေသူကတော့ (၄၅၇)ဦးရှိနေပါတယ်။ H1N1 ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်တစ်မျိုးဖြစ်ပြီး ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုမိုထိရောက်စွာ ကူးစက်ရောက်ရှိနိုင်တဲ့ရောဂါတစ်မျိုးပါ။

ရာသီတုပ်ကွေးနဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က အသိပညာပေးလုပ်ငန်းတွေ၊ ရောဂါကာကွယ်ရေးအစီအစဉ်တွေ ဆောင်ရွက်နေပေမယ့်လည်း သေဆုံးမှုကတော့ရှိနေဆဲဖြစ်ပါတယ်။


က္က