ယနေ့ညထပ်တိုးလူနာ(၃)ဦးကလည်း အိန္ဒိယကပြန်လာတဲ့သူတွေပါ။

မေလ(၁၆)ရက်နေ့ကနေ (၂၆)ရက်နေ့ထိ (၁၁)ရက်အတွင်း ပိုးတွေ့လူနာသစ်(၂၅)ဦးမှာ (၂၄)ဦးက ပြည်ပကပြန်လာတဲ့သူတွေဖြစ်ပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ည (၈)နာရီမှာ သတင်းထုတ်ပြန်ချက်အရ လူနာသစ်(၃)ဦးထပ်တိုးခဲ့ပြီး ထပ်တိုးလူနာ (၃)ဦးလုံးကလည်း အိန္ဒိယက ပြန်လာတဲ့သူတွေဖြစ်ပါတယ်။ လူနာ (၃)ဦးလုံးက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်က ဖြစ်ပြီး ရန်ကုန်မှာ Quarantine ဝင်နေတဲ့သူတွေပါ။ 



လေကြောင်းလိုင်းကနေတစ်ဆင့် ပြည်ပကပြန်လာတဲ့ သူတွေကိုတော့ သက်ဆိုင်ရာမြို့နယ်တွေကို တိုက်ရိုက်မပြန်စေဘဲ ရန်ကုန်မှာဘဲ Quarantine ဝင်ခိုင်းပြီး ရောဂါပိုးရှိ၊ မရှိကို ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်ပေးလျှက်ရှိပါတယ်။ ဒီကနေ့မှာတော့ ဓာတ်ခွဲနမူနာ (၆၇၀)ဦးကို စစ်ဆေးခဲ့ရာ (၃)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

လူနာသစ်(၃)ဦးက အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၆၆)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက်(၆၃)နှစ်အရွယ် အမျိုးသမီး(၁)ဦးပါ။ ဒီကနေ့ ထပ်တိုးလူနာ (၃)ဦးအပါအဝင် ယခုရက်ပိုင်းအတွင်း ပြည်ပကပြန်လာတဲ့သူတွေထဲမှာ (၂၄)ဦးထိ ရောဂါပိုးတွေ့ရှိထားတာဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိထားတဲ့ ပြည်ပကပြန်လာတဲ့ (၂၄)ဦးထဲမှာတော့ မလေးရှားက ပြန်လာသူ (၁၁)ဦး၊ ယူအေအီးက ပြန်လာသူ (၈)ဦး၊ အိန္ဒိယပြန်လာသူ (၄)ဦးနဲ့ အီတလီကပြန်လာသူ (၁)ဦးပါ။

ဒီကနေ့ ည (၈)နာရီ သတင်းထုတ်ပြန်ချက်မှာတော့ လူနာသစ်(၃)ဦးထပ်တိုးခဲ့သလို ရောဂါပျောက်ကင်းသူလည်း (၁)ဦးတိုးခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အထိ COVID -19 အတည်ပြုလူနာ (၂၀၆)ဦးရှိပြီး ရောဂါပျောက်ကင်းသူ (၁၂၄)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။










ဆက်စပ်အကြောင်းအရာများ



က္က