အားလုံး (၇၇)ဦးဆေးရုံကဆင်းခွင့်ရသွားပြီဖြစ်ပါတယ်။

စက်တင်ဘာလ (၅)ရက်နေ့ ကနေ ဒီကနေ့ စက်တင်ဘာလ(၈)ရက်နေ့ထိ (၄)ရက်အတွင်း စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ (၇၇)ဦးဆေးရုံက ဆင်းခွင့်ရရှိသွားပြီလို့ သိရပါတယ်။ 

ဒီကနေ့ တစ်ရက်တည်းမှာတင်(၆၄) ဦးဆင်းခွင့်ရတာဖြစ်ပြီး လက်ရှိစစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ လူနာ (၂၁၅) ဦး ကျန်ရှိနေကာ အားလုံးရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က Duwun ကိုပြောပါတယ်။ 



“ ဒီနေ့က (၆၄)ယောက်ဆင်းတယ်။ (၅)ရက်နေ့က (၁၀)ယောက်၊ (၆)ရက်နေ့က (၃)ယောက်ဆိုတော့ အားလုံ (၇၇)ယောက်ဆင်းခွင့်ရသွားပြီ။ အခုဆေးရုံမှာကျန်တဲ့လူနာက (၂၁၅)ဦးပဲရှိပါတော့တယ်။ အဲဒီထဲကလည်း နောက်ရက်တွေမှာ ဆေးရုံဆင်းခွင့်ရမယ့် လူနာတွေရှိပါသေးတယ်” လို့ ဒေါက်တာဇော်လွင်ကပြောပါတယ်။

စစ်တွေကပိုးတွေ့ လူနာတွေထဲမှာ ကျန်းမာရေးဝန်ထမ်း (၁၉)ဦးပါဝင်ခဲ့ပါတယ်။ လက်ရှိဆေးရုံဆင်းခွင့်ရတဲ့ ပျောက်ကင်းလူနာ (၇၇)ဦးထဲမှာလည်း ကျန်းမာရေးဝန်ထမ်း (၇)ဦးပါဝင်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေက လက်ရှိမှာ ထိန်းချုပ်နိုင်တဲ့ အနေအထားတစ်ခုဖြစ်နိုင်နေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မနေ့က အွန်လိုင်းဆွေးနွေးပွဲမှာ သုံးသပ်ပြောကြားခဲ့သလို တကယ်တမ်း ရခိုင်မှာလည်း ကူးစက်လူနာတွေလျော့ကာ ပျောက်ကင်းလူနာတွေများလာတဲ့အတွက် ကုသမှုအပိုင်းမှာလည်း ထိန်းချုပ်နိုင်တယ်တဲ့ အခြေအနေတစ်ခုလို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။ 

လက်ရှိစစ်တွေဆေးရုံမှာ ရောဂါပျောက်ကင်းလူနာတွေများလာတဲ့အတွက် ကုသရေးပိုင်းတွေမှာ အခက်ခဲတွေမရှိတော့ဘူးလို့ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပိုးတွေ့လူနာ စာရင်းမှာ စစ်တွေက ထက်ဝက်ခန့်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က