loading...

loading...

loading...

ပြင်ပဒဏ်ရာမရှိဘဲသေဆုံးခဲ့တာပါ။
Mi Thawdar Aung

သေဆုံးသူက နေအိမ်မှာ တစ်ဦးတည်းနေထိုင်သူတစ်ဦးဖြစ်ပြီး သေဆုံးနေတာ (၃) ရက်ခန့် ရှိပြီလို့ ရဲစစ်ချက်အရသိရပါတယ်။

ကျောက်တံတားမြို့နယ် ၊ ဗိုလ်အောင်ကျော်လမ်း (အထက်ဘလောက်) တိုက်ခန်းတစ်ခုအတွင်းမှာ ကျောက်တံတားမြို့နယ် (၉) ရပ်ကွက် ရာအိမ်မှူး ပုပ်ပွသေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ မြို့နယ်ရဲစခန်းကနေ သိရပါတယ်။

အဆိုပါ ရာအိမ်မှူးမှာ အသက် (၄၄) နှစ်ခန့်ရှိပြီး နေအိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ကာ သေဆုံးနေတာ (၃) ရက်ခန့် ရှိပြီလို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ပိုထွန်းက Duwun ကိုပြောပါတယ်။

“ သေဆုံးသူက လူပျိုကြီးပါ။ အပြင်ကိုမထွက်တာကြာတော့ ဘေးပတ်ဝန်းကျင်က အကြောင်းကြားချက်အရ သွားရောက်စုံစမ်းရာမှာ သေဆုံးနေတာကို တွေ့ရတာပါ” လို့ ဒုရဲမှူးပိုထွန်းက ဆိုပါတယ်။

သေဆုံးသူမှာ သွေးတိုး၊ နှလုံးရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးခဲ့ကြောင်း၊ လက်ရှိတော့ အလောင်းကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးစစ်ချက်ရယူထားတယ်လို့လည်း သိရပါတယ်။

လက်ရှိတော့ ကျောက်တံတားမြို့နယ်ရဲစခန်းကနေ သေမှု သေခင်း အမှတ်စဉ် (၁) နဲ့ အမှုစစ်ဆေးနေတယ်လို့ သိရပါတယ်။


loading...

က္က