ကော့မှူးမြို့နယ် NLD ပါတီဥက္ကဌပါဝင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်မှာပါဝင်လာတဲ့ ကော့မှူးမြို့နယ်က ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူ (၃)ဦးက ဗဟန်းမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် (၅၄)က လူနာနဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေဖြစ်လို့ ကွာရန်တင်းဝင်ရောက်နေရသူတွေ ဖြစ်ပါတယ်။

အဆိုပါပိုးတွေ့ရှိခဲ့သူ သုံးဦးစလုံးကတော့ အမျိုးသားတွေဖြစ်ပြီး လူနာအမှတ်(၁၄၆၁) ၊ (၁၄၆၂) ၊ (၁၄၆၃) တို့ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ် ၊ တောင်ပိုင်းရပ်ကွက်က တစ်ဦး ၊ ဝါးသိင်္ခကျေးရွာကတစ်ဦး နဲ့ ချောင်ကော်ခြံကျေးရွာက တစ်ဦးဖြစ် ပြီး တောင်ပိုင်းရပ်ကွက်က အမျိုးသားကတော့ ကော့မှူးမြို့နယ် NLD ပါတီဥက္ကဌဖြစ်တယ်လို့ သိရပါတယ်။



" သူတို့ထဲက တစ်ဦးကတော့ ဒီကပါတီဥက္ကဌ ဟုတ်တယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည် ခြံထဲက တစ်ယောက်နဲ့ ဆက်စပ်ပြီး မနေ့ကမှ ၂၁ယောက် ကွာရန်တင်းထားလိုက်တာ ။ ပြီးတော့ စစ်ဆေးမှုလုပ်တော့ ဒီမနက်သုံးယောက်တွေ့တာ" လို့ ကော့မှူးမြို့နယ်ကိုဗစ်ကော်မတီအဖွဲ့ဝင် ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဥက္ကဌ ဦးထွန်းထွန်းက Duwun ကို ပြောပါတယ်။

မနေ့က ပိုးတွေ့ရှိတဲ့ ခြံအမှတ်(၅၄)လူနာက ကော့မှူးကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တဲ့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လာရောက်ရင်း ဒေသခံအချို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး သူနဲ့ထိတွေ့သူ ၂၁ဦးရှိခဲ့တာပါ။ လက်ရှိမှာတော့ ဒီနေ့ပိုးတွေ့လူနာသုံးဦးနဲ့ထိစပ်ခဲ့သူတွေကို ကော့မှူးမြို့နယ် အ.ထ.က ကျောင်းမှာ ကွာရန်တင်းထားရှိသွားမှာဖြစ်ပြီး သူတို့နေထိုင်ခဲ့တဲ့ နေရာတွေကိုတော့ ပိုးသတ်ဆေးဖျန်းလုပ်ငန်း ဆောင်ရွက်ထားတယ်လို့ ကိုဗစ်ကော်မတီအဖွဲ့ဝင် ပြောကြားချက်အရ သိရပါတယ်။

Share

Loading Next Article...
က္က