၁ ဦးသေဆုံးသွားပါပြီ
မူဆယ်မြို့ တဖက်ကမ်း တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာအလုပ်သမား ၇ ယောက်ဟာ ကြံခင်းထဲမှာပေါက်နေတဲ့ မှိုကိုချိုးစာရာကနေ အဆိပ်သင့်ပြီး ၁ ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။

Photo - Thaung Tun Fb



အဆိပ်သင့်တဲ့လူနာတွေကို တရုတ်ဖက်ခြမ်းက ဆေးရုံမှာ သက်သာအောင်ကုသပေးခဲ့ပြီး မူဆယ်ဆေးရုံကို လာပို့ခဲ့ပေမယ့် မူဆယ်ဆေးရုံမှာ ဆေးကုသဖို့ ကိရိယာနဲ့ဆေးဝါးတွေမပြည့်စုံတာကြောင့် မန္တလေးဆေးရုံကြီးကို တင်ပို့ကုသစဉ်မှာပဲ လမ်းမှာ ၁ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ မူဆယ်မြို့ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်မှာရေးသားထားပါတယ်။

ွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မှိုအဆိပ်သင့်သူတွေဟာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ကြပြီး မကွေးတိုင်း စေတုတ္တရာမြို့နယ်ဖက်က နေတရုတ်ပြည်ထဲကို လာရောက်အလုပ်လုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။

Photo - Thaung Tun Fb

နောက်ဆုံးအခြေအနေအရတော့ အဆိပ်သင့်တဲ့ လူနာတွေထဲက ၆ ယောက်မှာ တစ်ယောက်ကတော့ အခြေအနေပြန်လည်ကောင်းမွန်သွားပြီဖြစ်သလို နှစ်ဦးကလည်း အနည်းငယ်ပြန်လည် သက်သာလာပြီလို့ဆိုပါတယ်။ ဒါပေမယ့် ၃ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေဆဲလို့ဆိုပါတယ်။

မှိုအဆိပ်သင့်တဲ့သူတွေဟာ စေတုတ္တရာနဲ့ပွင့်ဖြူမြို့နယ်တွေက နေ တရုတ်ပြည်ဖက်ကို စာချုပ်စာတမ်းမရှိပဲ သွားရောက်အလုပ်လုပ်ကိုင်နေကြရသူတွေဖြစ်တဲ့အတွက် သူတို့အလုပ်ရှင်နဲ့ ဆက်သွယ်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က