Hmue Eain Zaw

ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် စီဟာမိုနီနဲ့ တွေ့ဆုံဖို့ရှိသလို အန်ကောဘုရားကျောင်းကိုလည်း သွားရောက်လည်ပတ်ဖို့မှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘောဒီးယားနိုင်ငံဘုရင့်ခမည်းတော် Norodom Sihanouk အထိမ်းအမှတ်ရုပ်ထုကို သွားရောက်ဂါရဝပြုခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ လွတ်လပ်ရေးကျောက်တိုင်ကိုသွားရောက်ပြီး ဂုဏ်ပြုပန်းခွေချခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားဘုရင့်ခမည်းတော် Norodom Sihanouk ရဲ့အထိမ်းအမှတ်ရုပ်ကို သွားရောက်ခဲ့ပါတယ်။

ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး Peace Palace မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Mr. Samdech HUN SEN ရဲ့ ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် စီဟာမိုနီနဲ့ တွေ့ဆုံဖို့ရှိသလို အန်ကောဘုရားကျောင်းကိုလည်းသွားရောက်လည်ပတ်ဖို့ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည့်အတွက်တော့ ဒီ ကမ္ဘောဒီးယား ခရီးစဉ်ဟာ ပထမဆုံးပဲဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က