ဒီကနေ့ မနက်ပိုင်းပိုင်းကဖြစ်ပွားခဲ့တာပါ။
Ei Ei Htun

အခုလိုမြေပြိုမှုတွေက အရင်ကလည်းဖြစ်လေ့ဖြစ်ထရှိတာကြောင့် သိပ်ပြီး အန္တရာယ်မရှိဘဲ ပြီးခဲ့ရက်ပိုင်းအတွင်းက စေတီဘေးကပ်လျှက်ကတောင်စောင်းမြေပြိုကျတာမျိုးကသာ အန္တရာယ်ရှိနိုင်တယ်လို့ ကျိုက်ထီးရိုးဆံတော်ရှင်ရင်ပြင်တော်တာဝန်ခံ ဦးအေးမြင့်ဌေးက ပြောပါတယ်။

photo - ချမ်းမြေ့ဇော်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရဲ့ လေးလွန်ပင်ဘုရားအောက် ကျီးကန်းပါးစပ်သွားရာလာမှာ ဒီကနေ့ သြဂုတ်လ(၃၁)ရက်နေ့ မနက်ပိုင်းက ပြေမြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထီးရိုးဆံတော်ရှင် ဂေါပက အဖွဲ့ထံမှသိရပါတယ်။မိုးရွာသွန်းမှုများပြားပြီး ပြိုကျတာဖြစ်တယ်လို့ ဂေါပကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ ထိခိုက်ပျက်စီးတာမျိုးတော့မရှိဘူး၊ မိုးများပြီးပြိုကျတာ။ အရင်တုန်းကလည်း ခုလိုမြေပြိုမှုတွေဖြစ်ဖူးတယ်။ လူတွေ၊ဆိုင်ခန်းတွေကိုတော့ ထိခိုက်တာမရှိဘူး။ သူ့ဘာသာတောင်စောင်းအတိုင်းအောက်ကိုပြိုကျသွားတာ။ အခုလည်းဘုရားဖူးပြည်သူတွေပုံမှန်အတိုင်းသွာလာလို့ရတယ်” လို့ ကျိုက်ထီးရိုးဆံတော်ရှင်ရင်ပြင်တော်တာဝန်ခံ ဦးအေးမြင့်ဌေးက Duwun ကိုပြောပါတယ်။

photo - ချမ်းမြေ့ဇော်

အခုလိုမြေပြိုမှုတွေက အရင်ကလည်းဖြစ်လေ့ဖြစ်ထရှိတာကြောင့် သိပ်ပြီး အန္တရာယ်မရှိဘဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စေတီဘေးကပ်လျှက်ကတောင်စောင်းမြေပြိုကျတာမျိုးကသာ အန္တရာယ်ရှိနိုင်တယ်လို့ ဦးအေးမြင့်ဌေးက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၂၅)ရက်နေ့ကလည်း ကျိုက်ထီးရိုးဘုရား အပေါ်ကိုးနဝင်းတောင်စေတီ တစ်ခြမ်းပြိုကျမှုဖြစ်ပွားခဲ့ပါသေးတယ်။ ယခုအဆိုပါ နေရာကလည်း အန္တရာယ်မရှိတော့ပါဘူးလို့ ဦီးအေးမြင့်ဌေးက ပြောကြားခဲ့ပါတယ်။ 


က္က