ဘုန်းကြီးနဲ့ အတူ အမျိုးသမီးကိုပါ ဖမ်းဆီးရမိတာပါ။

ကျိုက်ထီးရိုးတောင် ရင်ပြင်တော်အနီးက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေထိုင်တဲ့ ဘုန်းကြီးတစ်ပါးဟာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားနေတဲ့သတင်းအရ ရှာဖွေရာ ဆေးခြောက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကင်မွန်းချောင်း နယ်မြေ ရဲစခန်းကနေ ူစုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့က ရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းမှာ နေထိုင်တဲ့ ဦးပညာဝံသရဲ့ အခန်းထဲကို ဝင်ရောက်ရှာဖွေရာ ဦးပညာဝံသံက ထွက်ပြေးသွားခဲ့ပြီး အခန်းထဲမှာတော့ ဆေးခြောက် (၅) ကျပ်သားကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါဘုန်းကြီးနဲ့ ကပ်ရပ်နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အခန်းအတွင်းမှလည်း ဆေးခြောက် ၃၅ ကျပ်သားကို သိမ်းဆည်းရမိခဲ့တယ်လို့ ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇင်ဇော်ဦးက Duwun ကိုပြောပါတယ်။

“ ဘုန်းကြီးနဲ့ အမျိုးသမီးကို ဖမ်းဆီးထားပါတယ်။ အခုတော့ ရမန်ယူထားတယ်။ ဒီနားတစ်ဝိုက်က သံဃာအတုက များတယ်။ ကျိုက်ထီးရိုးကို အကြောင်းပြုပြီးတော့ ဘုန်းကြီးတွေဝတ်၊ အလှူခံစားတာမျိုးတွေ ရှိတယ်။ မူးယစ်ဆေးတွေ လုပ်ကြတယ်။ သက်ဆိုင်ရာ ဂေါပကတွေ၊ သံဃာအဖွဲ့အစည်းတွေက တိုင်ကြားလာရင် ကျွန်တော်တို့ရဲတပ်ဖွဲ့က ဖမ်းဆီးပါတယ်” လို့ စခန်းမှူး ရဲအုပ် ဇင်ဇော်ဦးက ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာနာက်ထပ်ကွင်းဆက်တွေ ထပ်မံရှိလာနိုင်တာကြောင့် ရဲလုပ်ငန်းတွေအရ ဆက်လက်ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးပညာဝံသနှင့် မနော်ဇာခိုင်တို့ ၂ ဦးကို  ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှ မယ (ပ)၁ /၂၀၁၉၊ မူး/စိတ်ပြောင်းပုဒ်မ ၁၉ (က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။



က္က