ရေဘေးသင့်ပြည်သူ (၄၆,၀၀၀) ကျော်ရှိနေပါတယ်။
Ei Ei Htun

ကျိုက်မရောမြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေဘက်ကိုတော့ မြို့ကြီးတွေကအလှူရှင်တွေလှူဒါန်းတဲ့ထောက်ပံ့ရေးပစ္စည်းတွေကို လှေတွေနဲ့တစ်ဆင့် ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ 

photo- ကိုလင်းထွန်း



မွန်ပြည်နယ် ကျိုက်မရောမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ်လ(၁၀)ရက်နေ့ကတည်းက ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ဒီနေ့မှာတော့ ရေပိုတက်လာကာ ရေဘေးသင့်ပြည်သူ (၄၆,၀၀၀) ကျော်ရှိနေတယ်လို့ သိရပါတယ်။

“ ရေကြီးတာက ရွာတွေဘက်မှာ ပိုဆိုးတယ်။ မနေ့ကနဲ့ ဒီနေ့က ရေပိုတက်လာတာ။ ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သွားရောက်ကူညီတာ(၂)ရက်ရှိပြီ။ ပိုဆိုးတာက ကျိုက်မရောမြို့နယ်အတွင်းမှာ ရှိတဲ့ ရွာတွေကပိုဆိုးနေတာ။ကျွန်တော်တို့အဖွဲ့တောင် လှေတွေနဲ့ ရွာတွေဘက်ကိုသွားပြီးကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းတွေသွားရောက်ထောက်ပံ့ပေးနေတာ။ မြို့ကြီးတွေကအလှူရှင်တွေကကျွန်တော်တို့ကိုဆက်သွယ်ပြီး ပေးပို့လာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ကျွန်တော်တို့အဖွဲ့က တဆင့် ကိုယ်တိုင်ကိုယ်ကျသွားပြီး ပြန်လှူပေးနေတယ်” လို့ မွန်ပြည်နယ် အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo- Golden Phyo

ဒီနှစ်မှာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေအနေနဲ့ ရေဘေးသင့်ဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး ကျိုက်မရောမြို့မှာဆိုရင်တော့ ယနေ့ထိ ရေးဘင့်သင့်ဒဏ်ကိုခံစားနေဆဲဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာ ရေပြန်ကျသွားပေမယ့်လည်း ပြန်လည်နေထိုင်ရေးတွေမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို မြို့နယ်ပရဟိတအဖွဲ့အစည်းတွေအပြင်၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အနယ်အနယ်အရပ်ရပ်မှ အလှူရှင်များကလည်း ကူညီထောက်ပံ့ရေးတွေကို ဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က