အညိုရောင်သတ်မှတ်နယ်မြေမှာနေထိုင်တာဖြစ်တယ်လို့သိရပါတယ်။
Ei Ei Htun

မဘိမ်းမြို့နဲ့ မိုင်(၃၀)လောက်ဝေးတဲ့ ရမ်းဘိုရွာက ဦးကျော်သန်းဆိုတဲ့ အဖိုးတစ်ဦးဆွတ်ခူးခဲ့တာဖြစ်ပြီး သူနေထိုင်တဲ့ရွာက လက်နက်ကိုင်တွေရှိလို့ အညိုရောင်နယ်မြေသတ်မှတ်ထားတာကြောင့် အဖိုးဆီသွားဖို့အခက်အခဲရှိတယ်လို့ မဘိမ်းမြို့မှဒေသခံတစ်ဦးကပြောပါတယ်။ 

နိုဝင်ဘာလ(၁)ရက်နေ့ထွက်ရှိတဲ့ (၉)ကြိမ်မြောက်အောင်ဘာလေဆုရဲ့ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲဆုကိုတော့ မဘိမ်းမြို့နယ် ၊ ရမ်းဘိုရွာက အဘိုးအိုတစ်ဦးက ဆွတ်ခူးခဲ့ပါတယ်။ ရမ်းဘိုရွာက မဘိမ်းမြို့နဲ့ မိုင်(၃၀)လောက်ဝေးတဲ့ကျေးရွာတစ်ရွာဖြစ်တယ်လို့သိရပါတယ်။

“ ပေါက်တဲ့သူက ရမ်းဘိုရွာက ဦးသန်းကျော်ဆိုတဲ့သူသေချာတယ်။ ကျွန်တော်တို့ မဘိမ်းနဲ့ဆိုရင်တော့ မိုင်(၃၀)လောက်ဝေးတယ်။ ထီကလည်း မဘိမ်းမှာထိုးတာမဟုတ်ဘူး။ မိုးမိတ်ကထီဆိုင်ကထိုးတာ။ အခုအဲဒီအဖိုးနေတဲ့ရွာက အလှမ်းဝေးတော့ဆက်သွယ်ရအခက်အခဲဖြစ်နေတယ်။ ထီဆိုင်ကကော ဆက်သွယ်လို့ရလားမသိဘူး။သွားဖို့လည်းမလွယ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီဘက်က အညိုရောင်နယ်မြေသတ်မှတ်ထားတာ။ လက်နက်ကိုင်အဖွဲ့တွေလည်းရှိတော့ သူစိမ်းတွေသွားဖို့ သိပ်မလွယ်ကူဘူးဖြစ်နေတယ်” လို့ မဘိမ်းမြို့မှဒေသခံတစ်ဦးက Duwun ကိုပြောပါတယ်။ 

photo- Sai Htun Win

ကံထူးရှင်ဦးသန်းကျော်ဟာ မိုးမိတ်မြို့ စန္ဒကူးပိုးထည်ဆိုင်ကဖွင့်လှစ်ထားတဲ့ ထီဆိုင်ကနေ သိန်းတစ်သောင်းခွဲဆုကိုကံထူးခဲ့ကြောင်းကိုလည်း ထီဆိုင်ကကြေညာထားပါတယ်။

ကံထူးနံပတ် ယ-၈၁၇၄၀၂ နံပတ်နဲ့ကံထူးခဲ့တာလည်းဖြစ်ပါတယ်။ အောင်ဘာလေထီဆုရဲ့အကြီးဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကြီးတွေကို ပထမအကြိမ်က နေပြည်တော်၊ ဒုတိယအကြိမ်က ကျောင်းကုန်းမြို့၊ တတိယအကြိမ်က ပုသိမ်မြို့၊ စတုတ္တအကြိမ်က မန္တလေးမြို့၊ (၅)ကြိမ်မြောက်နဲ့ (၆)ကြိမ်မြောက်မှာတော့ ဟင်္သာတမြို့ကဆွတ်ခူးခဲ့ပြီး (၇)ကြိမ်မြောက်မှာ မော်လမြိုင်၊ (၈)ကြိမ်မြောက်မှာ မိထ္ထီလာမြို့ကဆွတ်ခူးခဲ့ပြီး ယခု(၉)ကြိမ်မြောက်မှာတော့ မဘိမ်းမြို့၊ ရမ်းဘိုကျေးရွာကဆွတ်ခူးခဲ့တာပါ။


က္က