မကြာခဏ ထီထိုးလေ့ရှိသူတစ်ဦးပါ။
Mi Thawdar Aung

ကံထူးနံပါတ် ဆ ၁၉၃၉၉၇ နဲ့ မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်နေ ဆိုင်ကယ်တက္ကစီ ယာဉ်မောင်း ကိုကျော်မျိုးဝင်းဆိုသူ ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

Photo- Zin Moe Fb

ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့က ဖွင့်လှစ်တဲ့ ၇ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆု ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့က တက္ကစီယာဉ်မောင်းတစ်ဦး ဆွတ်ခူးသွားခဲ့တယ်လို့သိရပါတယ်။ သူက မကြာခဏ ထီထိုးလေ့ရှိပြီး အခုလို သိန်းတစ်သောင်းခွဲဆုမပေါက်ခင်ကလည်း ငါးသောင်းဆုတစ်ကြိမ်၊ နှစ်သိန်းဆု တစ်ကြိမ် ဆက်တိုက် ထီပေါက်ဖူးတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်က မြို့နယ်ရုံးက စာရေးမတစ်ယောက်ဆီမှာ အကြွေးနဲ့ အမြဲထီထိုးပါတယ်။ လကုန်မှ သွားသွားပေးတာ။ ဒီနေ့ သူက ၂ နာရီကျော်လောက်က ဖုန်းဆက်လာတယ်။ ထီလက်မှတ်တိုက်မယ်ဆိုလို့ လာတော့ သိန်းတစ်သောင်းခွဲဆု ပေါက်မှန်းသိရတာပါ။ ” လို့ ကံထူးရှင် ကိုကျော်မျိုးဝင်းက Duwun ကို ပြောပါတယ်။

ကိုကျော်မျိုးဝင်းဟာ ဆိုင်ကယ်တက္ကစီယာဉ်မောင်းတစ်ဦးအဖြစ် လုပ်ကိုင်သူဖြစ်သလို ငန်းတေးအထက်တန်းကျောင်းမှာ ညစောင့်အဖြစ် လုပ်ကိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုကျော်မျိုးဝင်းမှာ ဇနီးနဲ့ သားသမီး ၃ ယောက်ရှိပြီး သူနေထိုင်ခဲ့တဲ့ ရွာကစာသင်ကျောင်းမှာ အဆောင်လှူဒါန်းသွားဖို့ ကနဦး ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


က္က