ကလေးတွေနာမည်နဲ့ ထိုးပေးခဲ့တာပါ။
(၁၆)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ ဆုကြီးကို စစ်တွေက ကလေးနှစ်ဦးက ဆွတ်ခူးသွားပါတယ်။

Photo : ရွှေမြန်မာ


ဒီနေ့(ဇွန်လ၁ရက်)မှာ ထွက်ရှိတဲ့ (၁၆)ကြိမ်မြောက် အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို စစ်တွေမြို့မှာနေထိုင်တဲ့ မကြယ်ဖြူစင်သိန်းနဲ့ မောင်ဘုန်းလင်းသူတို့ မောင်နှမနှစ်ဦးက ဆွတ်ခူးသွားခဲ့ပါတယ်။ သူတို့ရဲ့ မိဘများက ကလေးတွေနာမည်နဲ့ ထီထိုးပေးခဲ့ရာမှာ ယခုလို သိန်းတစ်သောင်းခွဲ ဆုကြီးကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ရွှေမြန်မာ မင်္ဂလာရွှေမောင်းပင်ရင်းဆိုင်မှ ကိုကျော်အောင်က Duwun ကို ပြောပါတယ်။

 “အခုသိန်းတစ်သောင်းခွဲက ကလေးနှစ်ယောက်က ပေါက်သွားတာပါ။သူတို့မိဘတွေက သူတို့နာမည်နဲ့ ထီထိုးပေးခဲ့တာ။မိသားစုက စစ်တွေကပါ။ ကိုယ်စားလှယ်နဲ့ ဖုန်းအဆက်အသွယ်ရမှ အသေးစိတ်သိရမှာပါ။ ဆက်သွယ်ဖို့က ဖုန်းအဆင်မပြေသေးလို့ပါ”လို့ သူက ဆိုပါတယ်။

Photo : ရွှေမြန်မာ

(၁၆)ကြိမ်မြောက် သိန်းတစ်သောင်းခွဲကံထူးရှင်ကတော့ စစ်တွေမြို့နယ်၊ ကံရွာတောင်ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့သိရပါတယ်။


 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က