ရန်ကုန်တိုင်းအနေနဲ့ သိန်းတစ်သောင်းခွဲဆုကို နှစ်လဆက်တိုက် ရရှိတာဖြစ်ပါတယ်။

၁၉ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆွတ်ခူးရရှိသွားခဲ့တယ်လို့ သိရပါတယ်။ 


ဒီနေ့ စက်တင်ဘာလ (၁) ရက်နေ့ မှာ ထွက်ရှိတဲ့ အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကို ရွှေမြန်မာချစ်ကြည်ရေးနှင့်ကမ္ဘာသစ် ထီဆိုင်ကနေ ပ- ၃၀၇၆၆၆ နံပါတ်နဲ့ သိန်းတစ်သောင်းခွဲဆုပေါက်သွားတာဖြစ်ပါတယ်။ ကံထူးရှင်မှာ မရမ်းကုန်းမြို့နယ်၊ သရက်မြိုင်ရဲရိပ်သာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ် အရွယ် မယမင်းစံဆိုသူဖြစ်ပါတယ်။ သူက လတိုင်းထီထိုးလေ့ရှိသူတစ်ဦးဖြစ်ပြီး အခုမှ ပထမဆုံးအကြိမ်အဖြစ် ထီပေါက်ဖူးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။



“ အတိုင်းမသိဝမ်းသာပါတယ်။ ဘယ်လိုပြောပြရမှန်းတောင်မသိပါဘူး။ ညီမတို့က ရုံးက အမက ထီရောင်းတာဆိုတော့ လတိုင်းထီထိုးလေ့ရှိပါတယ်။ အခုမှ ပထမဆုံးပေါက်ဖူးတာပါ။ ဘာလုပ်ဖို့ စိတ်ကူးထားလဲဆိုတော့ ဘုရားတည်မှာပါ။ပိုတဲ့ ပိုက်ဆံတွေအကုန်လုံးကိုတော့ အဖေနဲ့ အမေကို ပေးမှာပါ” လို့ ကံထူးရှင် မယမင်းစံက Duwun ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁) ရက်က ထွက်ရှိတဲ့ ၁၈ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို တော့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က ထီကိုယ်စားလှယ်တစ်ဦး ဆွတ်ခူးသွားတာကြောင့် ရန်ကုန်တိုင်းအနေနဲ့ သိန်းတစ်သောင်းခွဲဆုကို နှစ်လဆက်တိုက် ရရှိတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအနေနဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးရရှိတာ အခုဆိုရင် (၄) ကြိမ်မြောက်ရှိလာပြီလို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က