ကဃ-၆၄၃၄၂၅နံပတ်နဲ့ ကံထူးခဲ့တာပါ။

ဒီကနေ့ ဩဂုတ်လ (၁)ရက်နေ့မှာ ထွက်ရှိတဲ့ (၁၈)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိ်းတစ်သောင်းခွဲဆုကို ရန်ကုန်မြို့က ဆွတ်ခူးခဲ့ပါတယ်။

ကံထူးရှင်က တာမွေမြို့နယ်မှာ နေထိုင်တဲ့ ကိုကျော်စွာတို့ မိသားစုဖြစ်ပြီး ကံထူးနံပတ် ကဃ-၆၄၃၄၂၅နံပတ်နဲ့ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ရွှေမြန်မာ မဟာအောင်ကုဋေဟိန်း ပင်ရင်းထီဆိုင်ကနေ ကိုယ်စားလှယ်ယူရောင်းတဲ့သူထံကနေတစဆင့် ကံထူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 



“ ကျွန်တော်တို့ ဆိုင်ရဲ့ ကိုယ်စားလှယ်ဆီကနေပေါက်တာ။ ခုတော့ အဲဒီကိုယ်စားလှယ်နဲ့ ကံထူးရှင်သွားတွေ့နေပြီပြောတယ်။ ကံထူးရှင်နဲ့ ပတ်သက်ပြီး ဘာအချက်အလက်မှတော့မသိရသေးဘူး။ သိတာနဲ့ ကျွန်တော်တို့ ထီဆိုင်ကြီး pageကနေလည်း ကြေညာပေးမှာပါ” လို့ ရွှေမြန်မာ မဟာအောင်ကုဋေဟိန်း ထီဆိုင်မိသားစုမှ Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ကံထူးရှင်မိသားစုက တာမွေမှနေထိုင်တဲ့အကြောင်းကလွဲလို့ ဘာမှမသိရှိရသေးပါဘူး။ (၁၈)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာဆိုရင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုကြေးငွေ ကျပ်သန်း (၂၅၀)ကို ၁၀သိန်းဆု (၄) ဆု၊ ၃သိန်းဆု (၂၀)ဆု ၊ ၂သိန်းဆု (၂၀၀)ဆုနဲ့ ၁သိန်းဆု (၂၀၀၀)ဆု၊ စုစုပေါင်း ဆုမဲပေါင်း (၂၂၂၄)ကိုလည်း ထပ်မံတိုးမြှင့် ချီးမြှင့်ခဲ့တာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က