လက်ရှိမှာ ထီလုပ်ငန်းရှင်တွေအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
Ei Ei Htun

COVID 19 ရောဂါကပ်ဘေးကြောင့် ထီသည်တွေမှာ ရောင်းအားတွေကျဆင်းလျှက်ရှိပြီး ထီလုပ်ငငန်းရှင်တွေအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ(၂၃)ရက်နေ့က စပြီးမြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာတွေ့ရှိပြီးနောက် တိုင်းဒေသကြီးပြည်နယ်အလိုက် လူစုလူဝေးမလုပ်ကြဖိုနဲ့ လူစည်းကားရာနေရာတွေကို သွားလာခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

ထီရောင်းချမှာ လူစည်းကားရာတွေမှာရောင်းချရတာဖြစ်လို့ အခုလို ရောဂါကပ်ဘေးကြောင့် ပြီးခဲ့တဲ့ မတ်လကုန်က ထွက်ရှိခဲ့တဲ့ (၁၄)ကြိမ်မြောက်ထီဖွင့်ပွဲမှာ ထီကိုယ်စားလှယ်တွေလက်ထဲမှာ ထီလက်မှတ်တွေကျန်ရှိနေခဲ့ပြီး အားလုံး (၃၀)%အထက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ထီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင် ဦးနိုင်လင်းအောင်က Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့က လစဉ်ထီရောင်းချနိုင်ဖို့အတွက် ပြည်တွင်းအခွန်ဦးစီးဌာနမှာ Deposit တင်သွင်းထားကြရတာ။ ပြီးခဲ့တဲ့လကဆို အခုလို ကပ်ဘေးဖြစ်တော့ ထီလက်တွေမှာမရောင်းရဘဲ ပြန်သွင်းလို့လဲမရတာကြောင့် ထီလုပ်ငန်းရှင်တွေမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ အခုဒီလအတွက် ထီဖွင့်ပွဲကိုလည်း နောက်လ(၁၅)ရက်နေ့မှ ဖွင့်လှစ်ပေးမယ်ဆိုတာကလည်း တရားဝင်ထုတ်ပြန်တာမဟုတ်သလို (၁၅)ရက်နောက်ဆုတ်ပေးရင်တောင် ကျွန်တော်တို့ဘက်က ဘယ်လိုမှအဆင်မပြေနိုင်သေးပါဘူး။ အဲဒါကြောင့် ရောဂါတည်ငြိမ်သွားမှာဖွင့်ပေးဖို့တောင်းဆိုတာပါ။ ဒါကိုတာဝန်ရှိသူတွေက လက်မခံဘူးဆိုရင်တော့ ကျွန်တော်တို့ ထီလုပ်ငန်းရှင်တွေက ဒီလအတွက် အရှုံးက (၇၀)% အထက်မှာရှိပါတယ်” လို့ ဦးနိုင်လင်းအောင်ကပြောပါတယ်။ 

(၁၅)ကြိမ်မြောက်ထီဖွင့်ပွဲကို COVID 19 ရောဂါပိုးတည်ငြိမ်မှဖွင့်လှစ်ပေးဖို့တောင်းဆိုထားတဲ့စာကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေကို ရည်ညွှန်းထားပြီး ဧပြီလ(၂၀)ရက်နေ့က တင်ပြခဲ့ရာမှာ ယနေ့အထိအကြောင်းပြန်ကြားမှုမရှိသေးဘူးလို့သိရပါတယ်။ 

ထီလုပ်ငန်းရှင်တွေအနေနဲ့ စည်းမျဉ်းတွေအရ အခုလိုအခက်ခဲကိုသာ တင်ပြပိုင်ခွင့်ရှိပြီး နိုင်ငံတော်ဘက်ကသာ ဆုံးဖြတ်ပေးနိုင်မယ့် ကိစ္စတွေဖြစ်လို့ အစိုးရကတင်ပြချက်ကို လက်မခံခဲ့ဘူးဆိုရင်တောင် တခြားလုပ်ပိုင်ခွင့်မရှိဘဲ အရှုံးနဲ့သာ ဆက်လက်ရောင်းချနေရမှာဖြစ်တယ်ုလို့ ဦးနိုင်လင်းအောင်ကပြောကြားခဲပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က