တူညီတဲ့လစာနှုန်းထားနဲ့ အိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကာလမှာ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်သည်တွေကို အိမ်ကနေအလုပ်ခွင့်ပြုပြီး အသက် ၅၀ အထက် အလုပ်သမားတွေကို ရောဂါကူးစက်နိုင်ခြေနည်းတဲ့နေရာမှာ အလုပ်ခိုင်းစေရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေနဲ့ အလုပ်ဌာန အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ ဒီအချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ 



" စက်ရုံ ၊ အလုပ်ရုံတွေ မှာ ကိုယ်ဝန်ဆောင်တွေ ၊ အသက် ၅၀ အထက်ရှိရင်သူတို့ကို ဦးစားပေးရမယ်ပေါ့။ လမ်းညွှန်ချက် တွေကို လိုက်နာရမှာပါ။ လမ်းညွှန်ချက်ကို လိုက်နာမှုရှိမရှိကို ကျနော်တို့ စစ်ဆေးရေးအဖွဲ့တွေလည်း စစ်နေပါတယ်"လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

 အသက် ၅၀ နှစ်အထက်ရှိတဲ့ လုပ်သားတွေ၊  တခြားလုပ်သားတွေရောပြီး လုပ်ကိုင်ခိုင်းတာမျိုးမပြုလုပ်ဘဲ ရောဂါကူးစက်နိုင်ခြေမရှိတဲ့ လုပ်ငန်းနေရာမှာခိုင်းစေရမယ့်အအပြင် ရောဂါအခံရှိတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်လည်ဝင် ရောက်လာပါကလည်း ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆရာဝန်တွေရဲ့ ခွင့်ပြုသဘောထားမှတ်ချက်ရယူပြီးမှသာ လုပ်ကိုင်ခွင့် ပြုရမှာဖြစ်ပါတယ်။

ဧပြီလ ၂၀ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပုံများ

ကိုယ်ဝန်ဆောင်မိခင်တွေကို တူညီတဲ့လစာနှုန်းထား နဲ့ အိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပြုပေး ဖို့၊ မူလကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်နဲ့နှီးနွယ် ကျန်းမာရေးပြဿနာတွေကိုပါ စမ်းသပ်စစ်ဆေးဖို့၊ ကိုယ် ကာယ သုံးပြီး ပြင်းထန်တဲ့ အလုပ်လုပ်တွေ မလုပ်ဖို့ ၊ဝန်ထမ်း ကြို့/ပို့ မှာလည်း သီးသန့်ဦးစားပေးနေရာ ထားပေးဖို့အပါအဝင် အလုပ်ချိန်တွင်း အနား ယူချိန် အနည်းဆုံး ၄ နာရီဝန်းကျင်ပေးဖို့နဲ့ လေကောင်းလေသန့် ရတဲ့နေရာမှာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

" ထုတ်ပြန်ချက်တွေ ရှိပေမယ့် တကယ်တမ်း အလုပ်ရုံ၊ စက်ရုံတွေမှာ လိုက်နာ မှုမရှိတဲ့အ ပိုင်းတွေ၊ အားနည်းချက်တွေ အများကြီးတွေ့ရတယ်။ အထည်ချုပ်လုပ်ငန်းမှာဆိုရင် လုပ်ငန်းရှင်က တတ်နိုင်သလောက်ဖြည့် ဆည်းပေးနေ ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ မရှိသ လောက်တွေ့နေရတယ်"လို့မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ကိုနေလင်း က ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အလုပ်ရှင်နဲ့ အလုပ်သမားတွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို မကြာခဏထုတ်ပြန်ကြေညာနေပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမား ကြား လိုက်နာမှုတွေကတော့ အားနည်းနေတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။ လက်ရှိရန်ကုန်တိုင်းမှာ စက်ရုံ ၊ အလုပ်ရုံပေါင်း ၆၀၀၀ ကျော်ရှိပါတယ် ။ ကိုဗစ်ကာလမှာ ပိတ်သိမ်းသွားတဲ့ စက်ရုံတွေ ၊ ယာယီရပ်နားတာ၊ လုပ်သားလျှော့တာတွေလည်းရှိပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က