ဒီသတ်မှတ်ချက်တွေကို ဧပြီ(၃၀)ကတည်းကစပြီး သတ်မှတ်ခဲ့တာပါ။

ဇူလိုင် ၃၁ ရက်နေ့ အထိ သတ်မှတ်ထားတဲ့ ကိုဗစ် ကာကွယ်ရေးကန့်သတ်ချက်တွေကို သြဂုတ်လ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတိက ဇူလိုင် ၂၉ ရက်နေ့ညပိုင်းက အသိပေး ကြေညာလိုက်ပါတယ်။

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ပြည်သူကိုပန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက် တွေကို တိုးမြှင့်လိုက်တာဖြစ်ပါတယ်။



COVID စည်းကမ်းချက်တွေထဲက တစ်ခုဖြစ်တဲ့ လူ (၅)ဦးထက်ပိုပြီး မစုဝေးရဆိုတဲ့ အချက်ကိုတော့ ဇူလိုင် (၂၉)ရက်နေ့ကစပြီး လူ (၅)ဦးအစား (၁၅)ဦးနဲ့၊ (၁၅)ဦးထက်ပိုတဲ့ လူဦးရေမစုဝေးရဆိုပြီး ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ COVID နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ပထမအကြိမ် ဧပြီလ ၃၀ ရက်နေ့ ကစလို့ (၁၅)ရက်တစ်ကြိမ် ထပ်တိုးသတ်မှတ်လာခဲ့ရာမှာ အခုဆိုရင် (၃)လကျော်ကြာမြင့်ခဲ့ပါပြီ။ 

သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေထဲက အထိုက်အလျောက်ဖြေလျော့မှုတွေကို ပေးထားခဲ့ရာ ယခုဆိုရင် စားသောက်ဆိုင်တွေပြန်လည်ဖွင့်လှစ်ခွင့်ရနေပြီဖြစ်သလို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွေကိုလည်း ပြန်လည်လည်ပတ်ခွင့်ပြုထားပြီဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာလည်း အထက်တန်းအဆင့်တွေကို ဖွင့်လှစ်ထားသင်ကြားနေပြီး ရုပ်ရှင်ရိုက်ကူးခွင့်တွေကိုလည်း ပြန်လည်ခွင့်ပြုထားကာ မကြာခင် ကာလမှာဘဲ ရုပ်ရှင်ရုံတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က