နေအိမ်မှာအသွားအလာ တစ်ပတ်ကန့်သတ်ထားမည်

ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းမှာ တောင်ဥက္ကလာပမြို့နယ်ရဲ့ ပထမဆုံးပိုးတွေ့လူနာဖြစ်ခဲ့တဲ့ သင်္ဘောသားအမျိုးသားအနေနဲ့ လက်ရှိအချိန်မှာ ရောဂါပျောက်ကင်းပြီး ဝေဘာဂီအထူး ကုဆေးရုံကြီးကနေ နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ် ။

ကိုဗစ်လူနာအမှတ် (၅၀၆)ဖြစ်တဲ့ ယင်းလူနာက တောင်ဥက္ကလာပမြို့နယ် ၊ ၁၂ရပ်ကွက် ၊ မာဃ ၆လမ်းမှာနေထိုင်ပြီး နိုင်ငံခြားသွားဖို့အတွက် ကျန်းမာရေးစစ်ဆေးရာကနေ သြဂုတ်လ ၂၅ရက်မှာ ကိုဗစ်-၁၉ပိုးတွေ့လူနာအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့တာဖြစ်ပါတယ်။



ဓာတ်ပုံ-ထားထားဝေ(လူနာအမှတ် ၅၀၆ နဲ့အတူနေသူများကို ကွာရန်တင်းပို့ဆောင်ရန် လာရောက်ခေါ်ဆောင်စဉ်)

"မနေ့က (စက်တင်ဘာလ ၉ရက်) ညနေလေးနာရီလောက်က အိမ်ကိုပြန်ရောက်လာတာ ဖြစ်ပါတယ်။ ဥက္ကဌကဖုန်းဆက်တယ် ပြန်လာလိမ့်မယ် လိုအပ်တာပြင်ဆင်ကူညီပေးဖို့ပေါ့။ လမ်းထိပ်မှာလည်း သူတို့အမျိုးတွေရှိတော့ စားရေးသောက်ရေးကူညီကြပါတယ် ။ ပြန်လာတာတော့ သူတို့ကားနဲ့ သူတို့ ပြန်လာတာပါ ။ လူနာတင်ယာဉ်တွေ ဘာတွေနဲ့ ပြန်လာတာတော့ မဟုတ်ပါဘူး " လို့ မာဃ ၆လမ်း ရာအိမ်မှူး ဦးဆွေဇင်နိုင်က Duwun ကိုပြောပါတယ် ။

လက်ရှိမှာတော့ လူနာတစ်ဦးတည်း ဆေးရုံဆင်းခွင့်ရရှိသေးတာဖြစ်ပြီး အိမ်မှာတစ်ပတ် အသွားအလာကန့်ထားဦးမယ်လို့ သိပါတယ် ။ ၎င်းရဲ့ အတူနေမိသားစုဝင်တွေ နဲ့ တိုက်မှာ အတူနေတဲ့သူတွေကတော့ ကွာရန်စင်တာကနေ ပြန်ခွင့်မရသေးဘူးလို့ ရာအိမ်မှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ တောင်ဥက္ကလာပမြို့နယ်ကနေ ပထမဆုံးပိုးတွေ့ရှိခဲ့တဲ့လူနာက ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရတဲ့ ရန်ကုန်တိုင်းရဲ့ ပထမဆုံးလူနာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က