ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်မှုနှောင့်နှေးတယ်လို့ ပါတီတွေဝေဖန်နေကြပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ရက်(၆၀) မဲဆွယ်စည်းရုံးရေးကာလဟာ စက်တင်ဘာလ (၈)ရက်မှာ စတင်ရမှာဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကော်မရှင်က ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေး စည်းမျဉ်းစည်းကမ်းတွေ မချမှတ်သေးတဲ့အတွက် ပြင်ဆင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ နိုင်ငံရေးပါတီတွေရဲ့ ပြောကြားချက်အရ သိရပါတယ် ။


ဒီလိုစောင့်ဆိုင်းနေရတဲ့အတွက် နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ဆောင်ဖို့ အစီအစဉ်ချမှတ်တာတွေ နှောင့်နှေးနေရပြီး လမ်းညွှန်ချက်အတိအကျကို မသိရတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်တွေနဲ့ ငြိစွန်းတာတွေရှိလာမှာကို နိုင်ငံရေးပါတီတွေက စိုးရိမ်နေတာဖြစ်ပါတယ် ။




ဓာတ်ပုံ-UEC Facebook ( ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သတင်းများထုတ်ပြန်သည့်အစီအစဉ်ကို စက်တင်ဘာလ ၂ရက်က နေပြည်တော်မှာ ပြုလုပ်နေစဉ် )


" UEC က ရွေးကောက်ပွဲအတွက် ကိုဗစ်ကာလ ညွှန်ကြားချက်တွေကို အတိအကျထုတ်ပေးသင့်နေပြီ။ ၈ ရက်နေ့ဆိုတာ ဘာမှမလိုတော့ဘူး ။ အဲဒီကြေညာချက်ထွက်ပြီး တစ်ခါထဲ စည်းရုံးရေးကောက်ဆင်း လို့မှမရတာဗျာ။ စီစဉ်ရမှာတွေကရှိသေးတယ် ။ UEC က အင်မတန်အားနည်းချက်များနေတယ် ။ဘာမှပြင် ဆင်ခွင့်မရှိအောင်ကို အကုန်လုံးကိုနောက်ကျ နောက်ကျပြီးတော့ လုပ်နေတာ။ဒါသိပ်အဓိပ္ပါယ်မရှိဘူး။ ဒါကြီးဖြစ်နေမှာက သိနေရဲ့နဲ့ စောစောစီးစီးညွှန်ကြားချက်ထုတ်ရမှာလေ။ ၈ ရက်နေ့ဆင်းဖို့ ၆ ရက် ၇ရက်မှထုတ်တော့ ဘယ်နားကစီစဉ်ချိန်နဲ့ဘာသွားလုပ်မလဲ"လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွန့် Duwun ကိုပြောပါတယ် ။


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကလည်း မဲဆွယ်စည်းရုံးဖို့ အစီအစဉ်တွေရှိပေမဲ့ ကော််််််််််မရှင်ရဲ့ ညွှန်ကြားချက်ကို စောင့်နေတယ်လို့ ဆိုပါတယ်။


" မဲဆွယ်စည်းရုံးရေးကတော့ UECရဲ့ ညွှန်ကြားတဲ့ စည်းမျည်းတွေအတိုင်းပဲလုပ်ဆောင်မှာပါ။ ဒီဒစ်ဂျစ်တယ်ပေါ့၊ အွန်လိုင်းမီဒီယာတွေသုံးရမယ်။ ဒစ်ဂျစ်တယ်ကမ်ပိန်းကိုကြိုးစားအားထုတ်ရမှာပေါ့။ သူများနည်းတူပါပဲ သိပ်ထူးခြားတာမရှိပါဘူး။ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကိုတော့ ကျွန်တော်တို့စောင့်ကြည့်လေ့လာရဦးမှာပေါ့"လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က Duwun ကိုပြောပါတယ် ။


ကိုဗစ်ကာလဖြစ်တဲ့အတွက် ညွှန်ကြားချက်တိတိကျကျရမှသာ အဆင်ပြေမယ်လို့ ပါတီများက ပြောနေကြပါတယ်။


" မဲဆွယ်စည်းရုံးရေးအတွက် ညွှန်ကြားချက်မရောက်သေးဘူး ကျွန်တော်တို့ဆီ။ ဘာလုပ်လို့ရတယ်ဆို ဘာညာဆိုတာ သူတို့ပြောတာလည်းပြောတာပဲလေ ။ ညွှန်ကြားချက်လိုတယ်လေ။ညွှန်ကြားချက်ရမှ တရားဝင်ဖြစ်မှာပေါ့ ။ အရင်တုန်းကဆိုရင်တော့ သူတို့ညွှန်ကြားချက်ထုတ်တာနဲ့ ပြည်နယ်ကော်မရှင်က ခေါ်ပြီးတော့ ပြောတယ် ။ အဲဒါကိုမျှော်နေတာပဲ ။ ဘယ်လိုလှုပ်ရှားရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ တို့ဆီမရောက်သေးဘူး။ ဘာလှုပ်ရှားရမှန်းတောင်မသိဖြစ်နေတယ်။လှုပ်ရှားလိုက်ရင် အရင်တုန်းက ထုတ်ပြန်ချက်တွေရှိပေမယ့် ကိုဗစ်ကာလနဲ့မဆိုင်ဘူးလေ။ဒါက အခက်အခဲဖြစ်နေလို့ စောင့်ကြည့်နေတာ ဒီရက်ကို ဘယ်ရက်များ အဲဒီဟာ လာမလဲလို့ " လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က Duwun ကိုပြောပါတယ် ။


၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားချိန်ကာလမှာ ကျင်းပရမှာဖြစ်လို့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက အထူးညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ လိုက်နာရမယ့် စည်းကမ်းချက်တွေကို မကြာခင်မှာ ထုတ်ပြန်ပေးသွားမှာပါလို့ ပြည်ထောင်စုရွေးကောက်ပွဲကော််််််််မရှင်က ပြောပါတယ်။


" တိတိကျကျထုတ်ပြန်မယ်။မဲဆွယ်တဲ့အခါမှာ အိမ်တိုင်ရာရောက်ဆိုဘယ်လို ၊ အဆောက်အဦ ထဲမှာဆိုဘယ်လို ၊ ကွင်းပြင်မှာ မဲဆွယ်ရင်ဘယ်လို ထုတ်ပြန်မယ်လို့ ။ မကြာခင်မှာပြောမှာပေါ့ မဲဆွယ်စည်းရုံးတဲ့အခါ ဒါတွေဒါတွေလိုက်နာကြရမယ်ဆိုတာ ။ မကြာဘူး မကြာဘူး ။ မဲဆွယ်စည်းရုံးရပြီဆိုရင် စည်းရုံးခွင့်ပေးတဲ့ပေးတာနဲ့ တပြိုင်နက် ဒါတွေ ဒါတွေဆိုပြီး တစ်ခါထဲ အကြောင်းကြားမှာပေါ့။ UEC website လည်းတင်မယ် ၊ facebook မှာလည်းတင်မယ် " လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာလ ၂ရက်က နေပြည်တော်မှာ သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်က ပြောခဲ့တာ ဖြစ်ပါတယ် ။


၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ နိုင်ငံရေးပါတီပေါင်း (၉၂ )ခု ရှိပြီး နိုင်ငံရေးပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်း (၆၆၈၉)ဦး နဲ့ တစ်သီးပုဂလကိုယ်စားလှယ်လောင်း (၂၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။\


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က