သရက်နဲ့ကြံကိုတော့ ပို့ခွင့်ရထားပါတယ်။

တရုတ်ဘက်က အဝယ်ပိတ်လိုက်ပြီး ၂ရက်အတွင်းမှာ ပြန်လည်ညှိနှိုင်းမှုအရ သရက်နဲ့ကြံကိုတော့ တင်ပို့ခွင့် ရထားပြီး အခြားသီးနှံတွေတော့ တင်ပို့ခွင့်မရသေးပါဘူး။ 

ဓာတ်ပုံ -Win Nu Facebook Page



ကိုဗစ်ကာလမှာ မူဆယ်ဘက်ကနေ တရုတ်ဘက်ကို စိုက်ပျိုးသီးနှံတင်ပို့မှု အပိတ်ခံခဲ့ရတာကြောင့် ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၃ ဘီလီယံလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ရှမ်းပြည်နယ် မူဆယ်မြို့ အလုပ်သမားနဲ့ တောင်သူ လယ်သမားရေးရာ ကော်မတီ ဥက္ကဌ ဒေါ်စန်းစန်းထွေးက Duwunကိုပြောပါတယ်။

ကိုဗစ်ကာလမှာ မြန်မာတောင်သူတွေ စိုက်ပျိုးသီးနှံတွေကို တရုတ်ဘက် တင်ပို့ ရောင်းချခွင့် ဆုံးရှုံးခဲ့တာကြောင့် အချို့သော ပြောင်းစိုက်တောင်သူတွေက သူတို့ရဲ့ သီးနှံတွေကို ရွှေလီမြစ်ထဲ သွန်ပစ်တဲ့အထိ ထိခိုက် ဆုံးရှုံး နစ်နာခဲ့ရပါတယ်။

“ဒီကာလမှာ တရုတ်ဘက်က အဝယ်ပိတ်လိုက်တော့ ကျွန်မတို့ဘက်ကနေ ၂ရက်အတွင်းမှာပဲ ညှိနှိုင်းခဲ့မှုအရ သရက်နဲ့ကြံကိုတော့ တင်ပို့ခွင့်ရထားပါတယ်။ အဲ့ဒါကလည်း ဝယ်လက်ကွင်းကို တရုတ်ပြည်ထဲမှာ ဖွင့်ပေးထားပြီး အဲ့မှာသွားရောင်းခွင့်ရတာပါ။ကျန်တာကတော့ မရသေးပါဘူး။အဲ့ဒီအတွက် ဆက်လက် ဆွေးနွေးနေတာ လကုန် လောက်တော့ အဖြေသိရနိုင်ပါတယ်။သီးနှံတွေဒီကာလမှာ တင်ပို့ခွင့် ဆုံးရှုံးခဲ့လို့ ခန့်မှန်း ခြေ မြန်မာကျပ်ငွေဆိုရင် ၃ဘီလီယံလောက်တော့ နစ်နာခဲ့ပါတယ်။”လို့ ဒေါ်စန်းစန်းထွေးက ပြောပါတယ်။

စိုက်ပျိုးသီးနှံတွေ တင်ပို့ခွင့်မရလို့ ဆုံးရှုံးနစ်နာခဲ့တဲ့တောင်သူတွေကိုတော့ ကူညီပေးနိုင်ဖို့ အနေအထားမရှိသေး ပေမယ့်နောက်ထပ် ကုန်ပစ္စည်းတွေ အဆင်ပြေချောမောစွာ တင်ပို့နိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက် ပေးသွားဖို့ပဲ လုပ်ဆောင်ပေးနေပါတယ်လို့လည်း သိရပါသေးတယ်။ ကိုဗစ်ကာလအတွင်းမှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်အများစုမှာ ကုန်ပစ္စည်းအဝင်အထွက်တွေကို ပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့်တွေကို တင်းကြပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က