ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံးပေါင်း ၂၀၀၀ ကျော် ယာယီပိတ်ထားရာကနေ လက်ရှိမှာတော့ ၁၀၀၀ ကျော် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုဂယက်ကြောင့် ၂၀၂၀ ခုနှစ် ပထမ ၅ လရဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ၁၂၇.၇၃၅ သန်းသာ ရရှိခဲ့ပြီး ယခင်ကထက် အမေရိကန် ဒေါ်လာ ၁၄၆ သန်းကျော် လျော့ကျသွားခဲ့တယ်လို့ ကိုဗစ်-၁၉ ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှုစစ်တမ်းအရသိပါတယ်။


တည်းခိုရေး ကဏ္ဍကနေပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကနေ မေလအထိကို အမေရိကန်ဒေါ်လာ ၂၇၃.၈၀၄ သန်း ဝင်ငွေရှိခဲ့ပြီး ယခုနှစ် ၂၀၂၀ ဇန်နဝါရီလ ကနေ မေလအထိ မှာတော့ အမေရိကန်ဒေါ်လာ ၁၂၇.၇၃၅ သာဝင်ငွေရရှိခဲ့ပါတာကြောင့်ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင်လည်း ရာခိုင်နူန်းအားဖြင့် ၅၃ ရာခိုင်နူန်း လျော့ကျသွားတာဖြစ်ပါတယ်။




" တချို့တဝက်ပြန်ဖွင့်တာရှိတယ်၊နဂိုထဲကမပိတ်တာတွေရှိတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်ဟိုတယ်နှင့်တည်းခိုရိပ်သာ ၂,၀၅၃ လုံးရှိတယ် ၊ ၁၆ ရက်နေ့ စာရင်းအရ ၁,၀၇၄ လုံးပြန်ဖွင့်ပြီးသွားပြီ၊၅၀ ရာခိုင်နူန်း လောက်ဖွင့်ပြီပေါ့ ဟိုတယ် ၂ လုံးမှာ ၁လုံးတော့ ပြန်ဖွင့်ပြီပေါ့။ ခရီးသွားက လာမယ့်ကာလမှာ ဒီထက်ပိုလျော့မယ်၊ အခုက ဇီးရိုး ဇီးရိုး ပဲရှေ့ဆက်သွားရမှာဖြစ်နေတယ်။ ကိုဗစ်မပြီးရင် ၈၀ လောက်ထိကို လျော့သွားဖို့အထိ မျှော်လင့်ထားတယ်။"လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးအောင်အေးဟန်ကပြောပါတယ်။


ကိုဗစ် ၁၉ မဖြစ်ခင်ကာလက မြန်မာတစ်နိုင်ငံလုံးမှာ ဟိုတယ်နှင့်တည်းခိုရိပ်သာ တွေမှာ ဝန်ထမ်းအင်အား ၉၀၀၀၀ ကျော်ရှိခဲ့ပေမယ့် ကိုဗစ်ကာလမှာတော့ ဝန်ထမ်းအင်အား ၆၀၀၀၀ ကျော်သာရှိပါတယ် ၊ ကိုဗစ်ကြောင့် ဝန်ထမ်းလျှော့တာ ၊ ဟိုတယ်တွေ ပိတ်တာတွေကြောင့် ဝန်ထမ်းတွေလည်း အလုပ်ရပ်နားခဲ့ရတာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ မြန်မာတစ်နိုင်ငံလုံးမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံးပေါင်း ၂၀၀၀ ကျော် ယာယီပိတ်ထားရာကနေ လက်ရှိမှာတော့ ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း ၁၀၀၀ ကျော် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဟိုတယ်တွေမှာ တည်းခိုခွင့်ကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့စီမံခန့်ခွဲမှုအပေါ်မူတည်တယ်လို့သိရပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က