လူနာသစ် ၂၃ဦးတွေ့ရှိမှုကို သင်ခန်းစာဟုသဘောထားသင့်ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါကို အနိုင်ရခြင်းမရှိသေးတဲ့အတွက် စည်းကမ်းမဲ့နေထိုင်မှုတွေကို ဂရုစိုက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ညနေပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ခဏခဏသတိပေးနေပေမယ့် နားမဝင်သူတွေရှိနေတာ မထူးဆန်းကြောင်း မနေ့က လူနာသစ် ၂၃ဦးအထိတွေ့ရှိခဲ့လို့ တုန်လှုပ်မှုတွေရှိခဲ့ရင်လည်း မတုန်လှုပ်ဘဲ သင်ခန်းစာအနေနဲ့ မှတ်ယူသင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်က Facebook မှာရေးသားဖော်ပြခဲ့ပါတယ်။ 



"ယခုရောဂါရှိလူနာသစ်များဟာ နိုင်ငံရပ်ခြားမှ ပြန်လာပြီး၊ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ စည်းကမ်းများအရ မနေခဲ့ကြရသူတွေဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မဖို့ပဲ၊ ကျွန်မတို့အတွက် သင်ယူနိုင်တဲ့ အခွင့်အရေးလို့ပဲ မှတ်သားစေချင်ပါတယ်။ ကျွန်မတို့သတိလက်လွတ်လို့မဖြစ်ဖို့ လိုပါတယ်။ စည်းကမ်းမဲ့လို့ မရပါဘူး။ Covid ကိုအနိုင်မရသေးပါဘူး။ Covid ကျွန်မတို့ကို အနိုင် မယူနိုင်အောင် ကာစစ်ထိုးနေရဆဲအချိန် ရှိပါသေးတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။ 

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို လိုက်နာခြင်းအားဖြင့် ကိုဗစ်ပထမလှိုင်းကိုကျော်ဖြတ်နိုင်ခဲ့ပေမယ့် ပိုမိုကြီးမားတဲ့ အခြေအနေအတွက်ပြင်ဆင်ထားရန်လိုတယ်လို့ အတိုင်ပင်ခံကသတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဇွန်လအတွင်းပြည်တွင်းကူးစက်ခံရသူ ၄ဦးသာရှိခဲ့ပေမယ့် ပြည်ပကပြန်လာသူတွေမှာ ရောဂါပိုးတွေ့ရှိမှုက ဦးရေ ၁၀၀ အထိရှိခဲ့ပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က