ဆရာဝန်နဲ့သူနာပြု အားလုံး (၂၃)ယောက်ပါဝင်တယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မြန်ဆန်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရန်ကုန်က ကျန်းမာရေးဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့ သွားရောက်ကူညီမယ်လို့ သိရပါတယ်။

ဩဂုတ်လ (၂၃)ရက်နေ့မှာ လေယာဉ်နဲ့ စစ်တွေကို သွားရောက်မှာဖြစ်ပြီး သွားရောက်ကူညီမယ့် ကျန်းမာရေးအဖွဲ့ထဲမှာတော့ အထူးကုဆရာဝန်တွေအပါအဝင် ဆရာဝန် အယောက် (၂၀)နဲ့ သူနာပြု (၃)ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ “မနက်ဖြန်သူတို့ လေယာဉ်နဲ့ စထွက်ပါမယ် ။ဆရာဝန်တွေနဲ့ သူနာပြုတွေပါဝင်ပါမယ်။ ပြီးတော့ ကျန်းမာရေးထောက်ပံ့မှု ပစ္စည်းအစုံ PPE ဝတ်စုံတွေကအစ အားလုံးသယ်ဆောင်သွားမှာပါ”လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲမှ ဒေါက်တာ သန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲနေတဲ့ အမျိုးစားဖြစ်နိုင်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့သြဂုတ်လ(၂၂)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မျိုးဗီဇပြောင်းတဲ့ ကိုဗစ်ပိုးက ယခင်ထက် ကူးစက်မှု (၁၀)ဆမြန်ဆန်တယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းကို ရခိုင်ပြည်နယ် စစ်တွေက စတင်ကြုံတွေ့ ရင်ဆိုင်နေတာဖြစ်ပြီး ဩဂုတ်လ (၁၆)ရက်နေ့ကစလို့ ဒီကနေ့ ဩဂုတ်လ (၂၂)ရက်နေ့ မနက်ပိုင်းအထိ တစ်ပတ်အတွင်း လူနာ (၄၅)ဦးထိ ရှိလာခဲ့ပါတယ်။


Share

Loading Next Article...
က္က